spot_img

အယ်လ်နာဆာအသင်းမှ စီရော်နယ်လ်ဒို ထွက်ခွာလိုနေပြီး အသင်းဟောင်းရီးယဲလ်သို့ သံတမန်ကဲ့သို့ရာထူးဖြင့် ပြန်ဖွယ်ရှိဟု စပိန်သတင်းများဖော်ပြ

ပေါ်တူဂီနာမည်ကျော်တိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် ဆော်ဒီကလပ် အယ်လ်နာဆာအသင်းမှ ထွက်ခွာရန် ဆန္ဒရှိနေပြီး အသင်းဟောင်း ရီးယဲလ်မက်ဒရစ်ထံသို့ ကစားသမားမဟုတ်သည့် သံတမန်ကဲ့သို့ ရာထူးတစ်ခုခုဖြင့် ပြန်ဖွယ်ရှိနေကြောင်း သတင်း များက ဖော်ပြခဲ့သည်။

အသက် ၃၈ နှစ်ရှိ စီရော်နယ်လ်ဒိုသည် မန်ယူအသင်းမှ ဆော်ဒီကလပ်သို့ ပြောင်းရွှေ့လာပြီးနောက် လအနည်းငယ်အကြာတွင် ပြိုင်ဘက်အသင်းပရိသတ်များ၏ ပစ်မှတ်ထားတိုက်ခိုက်မှု အပါအဝင် ကလပ်အသင်းအတွင်းမှာလည်း အဆင်မပြေမှုများ ရှိလာ သောကြောင့် အသင်းမှ ပြန်လည်ထွက်ခွာဖွယ် ရှိနေခြင်းဖြစ်သည်။ စီရော်နယ်လ်ဒိုသည် အယ်လ်နာဆာအသင်းနှင့် တစ်နှစ် ပေါင် ၁၇၅ သန်းတန် စာချုပ်ချုပ်ဆိုထားပြီး သက်တမ်းမှာ ၂၀၂၅ ခုနှစ်အထိဖြစ်သည်။ 

myan789

လက်ရှိတွင် ရီးယဲလ်မက်ဒရစ်အသင်းသည် အသင်းကစားသမားဟောင်း စီရော်နယ်လ်ဒိုကို သံတမန်ကဲ့သို့ ရာထူးတစ်မျိုးမျိုးဖြင့် ကမ်းလှမ်းသွားရန် ဆန္ဒရှိနေကြောင်း စပိန်မီဒီယာတစ်ခုဖြစ်သည့် El Nacional က ရေးသားခဲ့သည်။  ရီးယဲလ်ဥက္ကဋ္ဌ ဖလော်ရန်တီနိုပီရက်ဇ်သည်  စီရော်နယ်လ်ဒိုကို ဆန်တီယာဂိုဘာနေဗျူး တွင် အလုပ်တစ်နေရာအတွက် အာမခံချက်ပေးထားသော်လည်း သိသာရှင်းလင်းသည်မှာ ကစားသမားတစ်ဦးအဖြစ် မဟုတ်ကြောင်း  El Nacional  က သုံးသပ်ခဲ့သည်။ 

စီရော်နယ်လ်ဒို၏ အတူနေချစ်သူ ဂျော်ဂျီယာရိုဒရီဂွက်ဇ်ကလည်း ၎င်းတို့နှစ်ဦး ဆုံတွေ့ခဲ့သည့် စပိန်နိုင်ငံမြို့တော်သို့ အပြန်ခရီးကို တမ်းတနေကြောင်း မကြာသေးမီက အတိအလင်း ပြောကြားထားသည်။ စီရော်နယ်လ်ဒိုသည် ရီးယဲလ်မက်ဒရစ်အသင်း၏ဂန္ထဝင်တစ်ဦး ဖြစ်ခဲ့ပြီး ရီးယဲလ်ကစားသမားဘဝ ပြိုင်ပွဲစုံ ၄၃၈ ပွဲတွင် ၄၅၁ ဂိုး အထိ သွင်းယူပေးခဲ့သည်။ ရီးယဲလ်အသင်းနှင့် အတူ ချန်ပီယံလိဂ်ဖလား လေးကြိမ်၊ ကလပ် ကမ္ဘာ့ဖလား သုံးကြိမ်၊ ဥရောပစူပါဖလား နှစ် ကြိမ်၊ လာလီဂါဖလား နှစ်ကြိမ်၊ ဘုရင့်ဖလား နှစ်ကြိမ်၊ စပိန်စူပါဖလား နှစ်ကြိမ် ရယူနိုင်ခဲ့သည်။ 

၎င်းသည် အတူနေချစ်သူ ဂျော်ဂျီနာရိုဒရီဂွက်ဇ်နှင့် လမ်းခွဲတော့မည်ဟု မကြာသေးမီက သတင်းထွက်ခဲ့သော်လည်း Instagram စာမျက်နှာတွင် ၎င်းတို့နှစ်ဦး နမ်းနေသည့်ပုံကိုတင်ကာ ကောလာဟလများကို အဆုံးသတ်စေခဲ့သည်။ စီရော်နယ်လ်ဒိုသည် အယ်လ်နာဆာအသင်းသို့ ရောက်ရှိပြီးနောက် လိဂ်ဂိုး ၁၂ ဂိုးအထိ သွင်းယူပေးထားကြောင်း သိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular