spot_img

အမှတ်ပေးဖလား စိန်ခေါ်နိုင်ဖို့ ဘယ်အရာက အရမ်း အရေးကြီးသလဲဆိုတာ ပြောပြလိုက်ပြီး ခြေစမ်းပွဲမှ အသင်းသားအချို့ကို ချီးကျူးခဲ့တဲ့ ဆိုးလ်ရှား

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးဆုံးခဲ့တဲ့ ဘောလုံး ရာသီတုန်းက အမှတ်ပေး ဖလား ပြိုင်ပွဲမှာ မြို့ခံ ပြိုင်ဖက် မန်စီးတီး အသင်းအောက် အဆင့် နှစ် နေရာ နဲ့ ရာသီ ပိတ်သိမ်း နိုင်ခဲ့ပေမဲ့ အမှတ်ပေးဖလား ဆွတ်ခူးဖို့ နီးစပ်မှု မရှိခဲ့ရ ပါဘူး ။

ဘယ်လိုပဲ ဖြစ်နေပါစေ ၊ ယူနိုက်တက် တို့ဟာ အရင်က ဘောလုံး ရာသီတွေထက် တိုးတက် လာမှုတွေ ရှိနေခဲ့တဲ့ အတွက် လိုအပ်တဲ့ ကစားသမား အင်အား ဖြည့်တင်းမှု အချို့ လုပ်ဆောင်နိုင်ရင် ဒီရာသီ အမှတ်ပေး ဖလားကို စိန်ခေါ် နိုင်စွမ်း ရှိလာလိမ့်မယ်လို့ ထင်ကြေး ပေးခံခဲ့ရ ပါတယ် ။

myan789

အခြားတစ်ဖက်မှာတော့ ယူနိုက်တက် တို့ဟာ ဘောလုံး ရာသီ အသစ်မှာ လိဒ်စ် ၊ ဆောက်သမ်တန် ၊ ဝုလ်ဗ် ၊ နယူကာဆယ် ၊ ဝက်စ်ဟမ်း ၊ အက်စ်တွန် ဗီလာ ၊ အဲဗာတန် အသင်းတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်တဲ့အတွက် အမှားအယွင်း မရှိ ကစားနိုင်ပါက အမှတ်ပေး ဖလားကို ဦးဆောင်ခွင့် ရနိုင်ခြေ ပိုင်ဆိုင်နေပါတယ် ။

ဒါပေမဲ့ အဲ့ဒီနောက်မှာတော့ ယူနိုက်တက် တို့ဟာ လက်စတာ ၊ လီဗာပူး ၊ စပါး ၊ မန်စီးတီး တို့နဲ့ ဆက်တိုက် ရင်ဆိုင်ရမှာ ဖြစ်ပြီး ဝက်ဖို့ဒ် နဲ့ တစ်ပွဲသာ ကစားပြီးရင် ချဲလ်ဆီး ၊ အာဆင်နယ် တို့နဲ့ ဆက်တိုက် ကစားရမှာပဲ ဖြစ်ပါတယ် ။ ဒါဟာ ယူနိုက်တက်တို့ အမှတ်ပေး ဖလားကို စိန်ခေါ်နိုင်မလား ဆိုတာ စမ်းသပ်မဲ့ ပွဲစဥ် ပါပဲ ။

အခုတော့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြဖြစ်သူ အိုလီ ဂန်နား ဆိုးလ်ရှားက အသင်းဖော်ဟောင်း ဝိန်း ရွန်းနီ ရဲ့ ဒါဘီ ကောင်တီ အသင်းကို အနိုင် ကစားခဲ့ပြီးတဲ့ ခြေစမ်းပွဲ အပြီးမှာတော့ ပရီးမီးယားလိဂ် ဖလားကို စိန်ခေါ် နိုင်ရေးအတွက် ရာသီသစ်အစပိုင်း 6 ပွဲ ၊ 7 ပွဲ လောက်က အရမ်းကို အရေးကြီးကြောင်း ပြောပြခဲ့လိုက် ပါတယ် ။

” ကျွန်တော်တို့ အနေနဲ့ ပြီးခဲ့တဲ့ ဘောလုံး ရာသီတုန်းကထက် ဒီရာသီ ပိုကောင်းစွာ စတင် နိုင်ဖို့ လိုအပ် ပါတယ် ။ ကျွန်တော်တို့ မနှစ်က ရာသီသစ် စတင်ပုံ မကောင်းခဲ့ကြ ပါဘူး ။ ပရီးမီးယားလိဂ်ဟာ ပိုပြီး ပြိုင်ဆိုင်မှု ပြင်းထန် လာခဲ့ပြီလို့ ကျွန်တော် ထင်မိ ပါတယ် “

” ကျွန်တော် ကစားခဲ့စဥ် ကတည်းက နှစ်စဥ် အနည်းဆုံး ပြိုင်ဖက်ကောင်း တစ်သင်း ရှိခဲ့ဖူးပါတယ် ။ သူတို့တွေကို ကျော်လွှားဖို့ အတွက် ပထမဆုံး ပွဲစဥ် 6 ပွဲ ၊ 7 ပွဲ လောက်က အရမ်းကို အရေးကြီးလှ ပါတယ် ။ အမှတ်ပေး ဖလား ဆွတ်ခူး မလားတော့ မသိနိုင်ပေမဲ့ ပထမဆုံး ပွဲစဥ် 6 ၊ 7 ပွဲမှာ ညံ့သွားခဲ့ရင် ဖလား လက်လွှတ် ရပါလိမ့်မယ် ” လို့ ဆိုးလ်ရှား က ပြောခဲ့လိုက်ပြီး ခြေစမ်းပွဲနဲ့ ပတ်သက်လို့..

” ပထမဆုံး ပွဲစဥ်ဆိုတာက အမြဲတမ်း ခက်ခဲလှပါတယ် ။ ပထမပိုင်း 45 မိနစ် ဆိုတာက တကယ့်ကို စမ်းသပ်ခံရတဲ့ အခိုက်အတန့် ပါပဲ ။ ကွင်းကြီးထဲ အထိုင်ကျအောင် ကစားနိုင်ဖို့ အတွက် အချိန် အနည်းငယ် ပေးရ ပါတယ် ။ ဒီ​နေ့ပွဲမှာတော့ စီနီယာ ကစားသမား အချို့နဲ့ အတူ ကြယ်ပွင့် ကစားသမား အများစု ကစားခွင့် ရခဲ့ကြ ပါတယ် “

” တွမ်ဟီတန်ဟာ အရမ်းကို အပေါင်း လက္ခဏာ ဆောင်ကျဥ်းခဲ့ ပါတယ် ။ သူဟာ အသင်းဖော် တွေကို စိန်ခေါ်မှုတွေ ပေးနိုင်ဖို့ ဒီကို ရောက်နေတာပါ ။ သူရဲ့ ကစားသမား ဘဝမှာ အမြဲအံဝင်အောင် ကစားနိုင်ခဲ့သူပါ ။ သူ အသင်းဆီ ရောက်ခဲ့တဲ့ အချိန်တုန်းက ကျွန်တော်ရဲ့ ကစားသမား ဘဝ နောက်ဆုံး အချိန် ဖြစ်ခဲ့ရ ပါတယ် “

” ကျွန်တော်တို့ လူငယ် အသင်း တသင်းကို ပိုင်ဆိုင်ထားကြ ပါတယ် ။ ဒီလို အသင်းမှာ ဟီတန် ရှိနေမယ် ၊ လီဂရန့် လည်း ရှိနေတယ် ဆိုတာ အရမ်းကို ကောင်းလှ ပါတယ် ။ ပြီးတော့ နီမန်ဂျာ (မာတစ်) နဲ့ ဂျက်စီ (လင်ဂတ်) တို့လည်း ရှိနေကြပါသေးတယ် ၊ သူတို့ ကစားပုံ တကယ်ပဲ ကောင်းခဲ့ကြ ပါတယ် “

” တွမ် (ဟီတန်) ဟာ ပွဲစဥ်တွေ ကစားချင်သူ တစ်ဦးပါ ။ ပြီးခဲ့တဲ့ ရာသီတုန်းက ဒဏ်ရာတွေကြောင့် သူဟာ ကံဆိုး သွားခဲ့ရ ပါတယ် ။ အဲ့လိုသာ မဟုတ်ရင် သူဟာ အင်္ဂလန် အသင်းရဲ့ ကစားသမား စာရင်းမှာ ပါဝင်ခဲ့မှာပါ ။ သူဟာ ရည်မှန်းချက် ကြီးမားတဲ့ ကစားသမား တစ်ဦး ပါပဲ ” လို့ ဆိုးလ်ရှား က ပြောခဲ့လိုက် ပါတယ် ။ ရ

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular