spot_img

အမှတ်ခွဲယူခဲ့တဲ့ ချန်ပီယံ(၂)သင်း

ပြင်သစ် ၀-၀ ပေါ်တူဂီ

လက်ရှိ ကမ္ဘာ့ချန်ပီယံအသင်းနဲ့ ယူရိုချန်ပီ ယံအသင်းတို့ရဲ့ပွဲက ဂိုးမရှိသရေကျခဲ့ပေမယ့် ဖျော်ဖြေမှုပေးနိုင်တဲ့ ပွဲကောင်းတစ်ပွဲဖြစ်ခဲ့တယ်။ နှစ်သင်းစလုံးက အဓိကကစားသမားအစုံအလင်နဲ့ ပွဲထုတ်ခဲ့ပြီး နိုင်ပွဲရရေးအတွက် အကြိတ်အနယ်ကစားခဲ့ကြတယ်။ တစ်ဦးချင်းအရည်အသွေးမြင့်မားတဲ့ ကစားသမားပေါင်းများစွာ အားပြိုင်ကြတာ ဖြစ်လို့ ဒီကစားသမားတွေရဲ့အားထုတ်မှုတွေက စိတ်ဝင်စားစရာကောင်းပါတယ်။ ဒါပေမဲ့ နှစ်ဖက်အသင်းရဲ့တိုက်စစ်တွေကို ခံစစ်ကစားသမားတွေ ထိန်းချုပ်ခဲ့ကြတာက ပိုစိတ်ဝင်စားစရာကောင်းပြီး ခံစစ်ကစားသမားတွေနဲ့ ဂိုးသမားတွေ အမှားမကျူးလွန်ခဲ့ကြ၊ ခြေစွမ်းပြခဲ့ကြလို့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲလို့ ဆိုရမယ်။

myan789

ဗာရန်း-ကင်ပမ်ဘီတို့ ဦးဆောင်တဲ့ခံစစ်အတွဲက ပေါ်တူဂီ တိုက်စစ်ကို အမှားအယွင်းမရှိ ထိန်းချုပ်နိုင်ခဲ့သလို၊ ပီပီ-ရူဘင်ဒီယက်စ်တို့ ဦး ဆောင်တဲ့ ပေါ်တူဂီ ခံစစ်ပိုင်းကလည်း ပြင်သစ်တိုက်စစ်ကို ကောင်းကောင်းရင်ဆိုင်နိုင်ခဲ့့တယ်။ မန်စီးတီးအသင်းရဲ့ ကစားသမားသစ်ဖြစ်တဲ့ ရူဘင်ဒီယက်စ်က ဘာပေ လွတ်ထွက်သွားနိုင်တဲ့အခွင့် အရေးတချို့ကို အမိအရထိန်းချုပ်ပြခဲ့ပြီး သူ့ရဲ့အရည်အသွေးကို သက်သေပြနိုင်ခဲ့သလို၊ ၀ါရင့်ကစားသမားတစ်ဦးဖြစ်တဲ့ ပီပီကလည်း သူ့ရဲ့လက်ရှိအသက်အရွယ်နဲ့မလိုက်အောင် အကောင်းဆုံးကစားပြနိုင်ခဲ့တယ်။ ပြင်သစ်ကတော့ ကွင်းလယ်မှာ ပေါ့ဘာ-ကွန်တေတို့ရဲ့အတက်အဆင်းကစားပုံ အရမ်းကောင်းခဲ့ပြီး အထူးသဖြင့် ပေါ့ဘာက ဒီပွဲ မှာ ကောင်းမွန်တဲ့ ပေးပို့မှုတချို့လုပ်ပြနိုင်ခဲ့တာ တွေ့ရတယ်။ ပေါ်တူဂီဂိုးသမားနဲ့ ခံစစ်ကြားက နေရာလွတ်တွေကို ရည်ရွယ်ပြီး တင်ပေးခဲ့တဲ့ဘောလုံးလမ်းကြောင်းတွေက ပေါ်တူဂီခံစစ်ပိုင်း အမှားအယွင်းမရှိကစားနိုင်ခဲ့လို့သာ ဂိုးတွေမဖြစ်ခဲ့တာဖြစ်တယ်။ ဂျရူးကစားတာ ကောင်းပေမယ့် ဂရီးဇ်မန်း ပုံမှန်ခြေမဟုတ်ခဲ့ဘူး။

ပေါ်တူဂီမှာလည်း စီရော်နယ်လ်ဒို၊ ဘရူနိုဖာနန်ဒက်စ်၊ ဘာနာဒိုဆေးလ်ဗားတို့ထဲက ဘယ်သူမှ ထူးထူးခြားခြား မလုပ်ပြနိုင်ခဲ့ဘဲ ယာအိုဖီးလစ်ကတော့ တစ်ပွဲလုံးမှာ တစ်ကွင်းလုံးလိုလို လှုပ်ကစားသွားခဲ့တာကို တွေ့ရတယ်။ ပထမပိုင်းထက် ဒုတိယပိုင်းက ပိုကောင်းပြီး နှစ်သင်းစလုံး အခွင့်အရေးတော့ သိပ်မရခဲ့ဘူး။ ပွဲပြီးခါနီးမှာ ပြင်သစ်က တိုက်စစ်ကို မြှင့်ဖို့ ကြိုးစားခဲ့ပြီး ပေါ်တူဂီကတော့ တိုက်စစ်ကစားသမားတွေနေရာမှာ ကွင်းလယ်အားသန်တဲ့ ကစားသမားတွေနဲ့ ကွင်းလယ်ကို ပိုကျပ်သွားအောင်လုပ်ဖို့ ကြိုးစားခဲ့ တာတွေ့ရတယ်။ ပေါ်တူဂီရဲ့ဗျူဟာ မှန်ကန်ခဲ့ပြီး ပြင်သစ်တိုက်စစ် အသက်မဲ့သွားတယ်။ ဂျရူး၊ ဘာပေတို့ လူစားလဲခဲ့ရပြီး ကိုးမန်း၊ မာစီယဲလ်တို့နဲ့ ထိုး ဖောက်တာလည်း အလုပ်မဖြစ်ခဲ့ဘူး။ ပွဲပြီးခါနီးမှာ စီရော်နယ်လ်ဒိုရဲ့ ဘယ်ခြေကန်ချက်ကို လိုရစ် ကာကွယ်ခဲ့လို့လည်း ဂိုးမရှိသရေကျခဲ့ခြင်းဖြစ်တယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular