spot_img

အဘာဒင်းအသင်း၏ ကြေးရုပ်တု ပြုလုပ်၍ ဂုဏ်ပြုမည့်အစီအစဉ်အတွက် ပီတိဖြစ်မိသည်ဟု ဖာဂူဆန် ပြောကြား

မန်ယူအသင်း၏ ဂန္ထဝင်နည်းပြ ဖာဂူဆန်က အဘာဒင်းအသင်း၏ ကြေးရုပ်တု ပြုလုပ်၍ ဂုဏ်ပြုမည့် အစီအစဉ်အတွက် ပီတိဖြစ်မိသည်ဟု ပြောကြားခဲ့သည်။

စကော့တလန်လူမျိုး ဖာဂူဆန်သည် မန်ယူအသင်းကို မကိုင်တွယ်မီ စကော့တလန်ကလပ် အဘာဒင်းအသင်းကို ၁၉၇၈ ခုနှစ်မှ ၁၉၈၆ ခုနှစ်အထိ ကိုင်တွယ်ခဲ့ပြီး အဓိကဆုဖလား (၁၀)ခု ရယူပေးနိုင်ခဲ့သည်။

myan789

ထို့ကြောင့် အဘာဒင်းအသင်းက ဖာဂူဆန်အား ဂုဏ်ပြုရန် စီစဉ်ခြင်းဖြစ်ပြီး ၎င်းတို့၏ ကွင်းအပြင်ဘက်တွင် ဖာဂူဆန်၏ ပုံတူကြေးရုပ်တု စိုက်ထူသွားမည်ဖြစ်သည်။

ယခုအစီအစဉ်မှာ အဘာဒင်းအသင်း၏ ဂန္ထဝင်သူရဲကောင်းများအား ဂုဏ်ပြုမည့် အစီအစဉ်၏ ပထမဆုံးခြေလှမ်းဖြစ်ကြောင်း လည်း သိရသည်။

ယခုသတင်းနှင့် ပတ်သက်၍ ဖာဂူဆန်က “အဘာဒင်းအသင်းရဲ့ ဂုဏ်ပြုမယ့် အစီအစဉ်အတွက် ကျွန်တော် ပီတိဖြစ်မိပါတယ်။ ဒီအသင်းက ကျွန်တော့်ရဲ့နည်းပြဘဝ မှာ အမှတ်ရစရာတွေ ကျန်ရစ်ခဲ့တဲ့အသင်းပါ။ ကြေးရုပ်သွန်းဖို့ ရွေးချယ်ခဲ့တဲ့ ဓာတ်ပုံကိုလည်း ကျေနပ်သဘောကျပါတယ်။ ဒီကြေးရုပ်တုကို မြင်တွေ့ရဖို့ မစောင့်နိုင်အောင်ပါပဲ”ဟု ပြောကြားခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular