spot_img

အပြောင်းအရွှေ့စျေးကွက်အတွင်း မန်စီးတီးအသင်း၏ ကစားသမားသစ်ခေါ်ယူမှု မပြီးဆုံးသေး

ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအ သင်းသည် လာမည့်ရာသီအတွက် နွေရာသီအပြောင်းအရွှေ့စျေးကွက်အတွင်း ကစားသမားသစ် သုံးဦးအထိ ခေါ်ယူထားပြီးဖြစ်သော်လည်း အပြောင်းအရွှေ့လှုပ်ရှားမှုများ မပြီးဆုံးသေးကြောင်း သိရသည်။

မန်စီးတီးအသင်းသည် အစောပိုင်းက ဒေါ့မွန်အသင်းမှ နော်ဝေလူငယ်တိုက်စစ်မှူး ဟော်လန်းကို ပြောင်းရွှေ့ကြေး ပေါင် ၅၁ ဒသမ ၂ သန်း၊ အာမီးနီးယားအသင်းမှ ဂျာမန် ဂိုးသမား အော်တေဂါကို ပြောင်းရွှေ့ကြေး အလွတ်ဖြင့် ခေါ်ယူထားပြီး ဇူလိုင်လ ၄ ရက် က လိဒ်စ်အသင်းမှ အင်္ဂလန်ကွင်းလယ်လူ ကယ်လ်ဗင်ဖီးလစ်ကို ပြောင်းရွှေ့ကြေး ပေါင် ၄၅ သန်းဖြင့် ထပ်မံခေါ်ယူခဲ့ခြင်းဖြစ်သည်။

myan789

မန်စီးတီးအသင်းသည် အသင်းမှ ထွက်ခွာသွားသည့် ၀ါရင့်ကွင်းလယ်လူ ဖာနန်ဒင်ညို၏နေရာတွင် အစားထိုးရန် ကယ်လ်ဗင်ဖီးလစ် ကို ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ခြောက်နှစ်စာချုပ် ချုပ်ဆိုခဲ့သည်။ ထို့ပြင် ကွန်ပနီ မရှိတော့သည့် နောက်ပိုင်း လစ်လပ်နေသည့် ကျောနံပါတ် ၄ ကိုလည်း ပေးအပ်ခဲ့သည်။

မန်စီးတီးအနေဖြင့် ခံစစ်တစ်နေရာအတွက် ထပ်မံကြိုးပမ်းနေပြီး ဘရိုက်တန်နောက်ခံလူ ကူကူရယ်လာကို ခေါ်ယူရန် နီးစပ်နေသည်။ ကူကူရယ်လာသည် မန်စီးတီးအသင်း၏ ယခုရာသီပစ်မှတ်များထဲမှ တစ်ဦးဖြစ်သော်လည်း အပြောင်းအရွှေ့ဖြစ်စဉ်မှာ နှောင့်နှေးမှုများရှိနေသည်။

ဘရိုက်တန်အသင်းက ကူကူရယ်လာ၏ပြောင်းရွှေ့ကြေးအတွက် ပေါင် ၄၅ သန်းအထိ အလိုရှိနေသောကြောင့် အပြောင်းအရွှေ့ မှာ ကြန့်ကြာနေခြင်းဖြစ်သည်။ ထို့ပြင် မန်စီးတီးအသင်းသည် အော့စ်ဘတ်အသင်းမှ ဂျာမန်လူငယ်တိုက်စစ်မှူး ပက်ချီနိုဗစ်ကိုလည်း ခေါ်ယူရန် စိတ်ဝင်စားနေသည်။ အသက် ၁၇ နှစ်သာရှိသေးသည့် ပယ်ချီနိုဗစ်သည် အော့စ်ဘတ်နှင့် စာချုပ်သက်တမ်းကုန်ဆုံးသွားသောကြောင့် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူခွင့်ရှိနေသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular