spot_img

အပြန်အလှန်သွင်းဂိုးတွေနဲ့ အမှတ်ခွဲယူခဲ့ကြတဲ့ လက်စတာနဲ့မန်ယူ

လက်ရှိရလဒ်ပိုင်းနဲ့ အဆင့်ရပ်တည်မှုအရ ဒီရာသီပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် လက်ရှိချန်ပီယံလီဗာပူးလ်အသင်းကို အနီးကပ်ဆုံးဖိအားပေးနေတဲ့လက်စတာနဲ့ မန်ယူတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုကတော့ အပြန်အလှန်သွင်းဂိုးတွေနဲ့အတူ (၂-၂)ဂိုးရလဒ်နဲ့ သရေတစ်မှတ်ဆီခွဲယူခဲ့ကြပါတယ်။

ပရီးမီးယားလိဂ်နောက်ဆုံး (၇)ပွဲဆက်ရှုံးပွဲမရှိဘဲ ချန်ပီယံပြေးလမ်းထဲရောက်လာတဲ့မန်ယူအသင်းနဲ့ ဒီရာသီ Boxing day ကာလအရောက်မှာပဲ အမှတ်ပေးဇယားအဆင့် (၂)နေရာအထိတက်လှမ်းလာနိုင်တဲ့ လက်စတာတို့ရဲ့ပွဲက ပရိသတ်ကို ဖျော်ဖြေမှုအပြည့်ပေးနိုင်ခဲ့တာပါ။

myan789

နောက်ပိုင်းပွဲတွေမှာ ဆိုးလ်ရှားရဲ့ကစားကွက်အောက်မှာ ပုံစံကျလာတဲ့မန်ယူအသင်း ဒီနေ့ပွဲမှာလည်း (၂)ကြိမ်တိုင်ဦးဆောင်နိုင်ခဲ့ပေမယ့် ခံစစ်ပိုင်းအားနည်းမှုတွေနဲ့အတူ အဖိုးတန်နိုင်ပွဲနဲ့ဝေးခဲ့ရတယ်လို့ဆိုရပါလိမ့်မယ်။

လက်ရှိမန်ယူအသင်းမှာ ဆိုးလ်ရှားအဓိကပြင်ဆင်ရမယ့်အချက်ကလည်း ခံစစ်ပိုင်းအားနည်းမှုပဲဖြစ်ပြီး ဒီပြဿနာက မန်ယူအသင်းရဲ့ ချန်ပီယံမျှော်လင့်ချက်တွေကို အဟန့်အတားဖြစ်စေမှာအသေအချာပါ။

ပရီးမီးယားလိဂ်နောက်ဆုံး (၃)ပွဲဆက်တစ်ပွဲ (၂)ဂိုးပေးခဲ့ရတဲ့ ခံစစ်ပိုင်းအားနည်းချက်က တိုက်စစ်ပိုင်းဂိုးတွေရနေချိန်မှာ မသိသာပေမယ့် မာကျောတဲ့ပြိုင်ဘက်နဲ့တွေ့ခဲ့ရင် မန်ယူအသင်းအတွက် စိုးရိပ်စရာအခြေအနေဖြစ်စေမှာပါ။

ဘရူနိုဖာနန်ဒက်ဇ်ကတော့ သွင်းဂိုး (၁)ဂိုး၊ ဖန်တီးမှု (၁)ကြိမ်နဲ့အတူ မန်ယူအသင်းရဲ့ အရေးအပါဆုံးကစားသမားအဖြစ် သက်သေထပ်ပြနိုင်ခဲ့ပြီး ဒီရာသီမှာ မန်ယူအသင်းအတွက် သူ့ရဲ့ပရီးမီးယားလိဂ်ဂိုးပါဝင်ပတ်သက်မှုက (၁၆)ဂိုး (၁၀ ဂိုးသွင်း၊ ၆ ဂိုးဖန်တီး)အထိရှိလာခဲ့ပါတယ်။

နည်းပြရော်ဂျာရဲ့လက်စတာအသင်းကတော့ အိမ်ကွင်းမှာကစားခဲ့ရပေမယ့် ပြိုင်ဘက်အသင်းရဲ့ ဦးဆောင်မှုတွေကိုနောက်ကလိုက်ချေပခဲ့ရတာဖြစ်ပြီး လက်စတာအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာပစ်မှတ်ထားတယ်ဆိုရင်တော့ ဒီထက်ပိုပြီးတည်ငြိမ်မှုကို ပြသနိုင်ဖို့လိုပါတယ်။

ကွင်းလယ်နဲ့ တိုက်စစ်ချိတ်ဆက်မှုတွေမှာ ဘောလုံးအပျက်များနေတာ၊ ပြိုင်ဘက်ကစားအားတင်လိုက်ရင် အလိုလိုကစားအားကျသွားတာတွေက လက်စတာအသင်းအတွက် ပြင်ဆင်ရမယ့်အရာတွေပါပဲ။

ဒီနေ့ပွဲမှာ လက်စတာအသင်းရဲ့ ခံစစ်ပိုင်းဟာကွက်တွေကိုတွေ့ခဲ့ရပြီး ပြီးခဲ့တဲ့စပါးအသင်းကိုအနိုင်ရတဲ့ပွဲက ကျစ်လျစ်မာကျောတဲ့စွမ်းဆောင်ရည်မျိုးကိုမပြသနိုင်ခဲ့ပါဘူး။

မန်ယူအသင်းကိုပေးလိုက်ရတဲ့ (၂)ဂိုးစလုံးမှာ လက်စတာခံစစ်ကပေါ့လျော့မှုတွေက အဓိကတရားခံဖြစ်ခဲ့တာပါ။

တစ်ပွဲလုံးကိုခြုံကြည့်ရင် မန်ယူအသင်းရဲ့ ကွင်းလယ်နဲ့ တိုက်စစ်ကစားအားက ပိုကောင်းခဲ့တာမှန်ပေမယ့် လက်စတာအသင်းရဲ့မြန်ဆန်တဲ့တိုက်စစ်ဆင်မှုတွေကလည်း မန်ယူခံစစ်ကိုအလုပ်ရှုပ်စေခဲ့ပါတယ်။

ဒီပွဲရဲ့အဖွင့်ဂိုးကို မန်ယူအသင်းကရရှိခဲ့တာဖြစ်ပြီး ပွဲချိန် (၂၃)မိနစ်မှာ လက်စတာခံစစ်ဟာကွက်ကနေ ရပ်ရှ်ဖို့ဒ်ကသွင်းယူပေးခဲ့ပါတယ်။

မန်ယူအသင်းရဲ့ဦးဆောင်မှုက ကြာကြာမခံခဲ့ဘဲ (၃၁)မိနစ်မှာ ဟာဗေးဘန်းစ်က ဧရိယာအပြင်က အပြင်းကန်ချက်နဲ့အတူ လက်စတာအသင်းအတွက် ချေပဂိုးကို လှလှပပကန်သွင်းယူပေးခဲ့တာပါ။

ပထမပိုင်းမှာတော့ (၁-၁)ဂိုးနဲ့ပြီးဆုံးခဲ့ပြီး နှစ်သင်းစလုံးအနိုင်ရလဒ်အတွက် ဂိုးတွေသွင်းဖို့ကြိုးစားလာတဲ့ ဒုတိယပိုင်းက ပိုပြီးအကြိတ်အနယ်ရှိခဲ့ပါတယ်။

ပွဲချိန် (၇၉)မိနစ်မှာတော့ မန်ယူအသင်း ဒုတိယဂိုးရခဲ့ပြီး ကာဗာနီရဲ့ပေးပို့မှုကနေ ဘရူနိုဖာနန်ဒက်ဇ်က အမှားအယွင်းမရှိအဆုံးသတ်ပေးခဲ့တာပါ။

မန်ယူအသင်းအနိုင်ရဖို့ အခြေအနေကောင်းပြီလို့ မျှော်လင့်ချင်စရာဖြစ်ခဲ့ပေမယ့် ပွဲချိန် (၈၅)မိနစ်မှာတော့ လက်စတာအသင်း ချေပဂိုးရခဲ့ပါတယ်။

ဒီဂိုးကိုတော့ မန်ယူဂိုးဧရိယာအတွင်း ခံစစ်ကစားသမားတွေပိတ်ဆို့ထားတဲ့ကြားထဲက အယိုဇေပီရက်ဇ်ရဲ့ ပေးပို့မှုကို ဗာဒီကအကောင်းဆုံးအဆုံးသတ်ပေးခဲ့တာပါ။

လက်ကျန်မိနစ်မှာတော့ (၂)သင်းစလုံး ထိန်းကစားခဲ့ပြီး ပွဲပြီးခါနီးမှာ လက်စတာအသင်းအနိုင်ဂိုးအတွက် အခွင့်အရေးရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့လို့ မန်ယူအသင်း သက်သာရာရခဲ့ပါတယ်။

ပွဲအပြီးမှာတော့ (၂-၂)ဂိုးနဲ့ အမှတ်ခွဲယူခဲ့ကြပြီး ချန်ပီယံလိဂ်ဝင်ခွင့်နေရာပစ်မှတ်ထားနေကြတဲ့ (၂)သင်းစလုံးအတွက်တော့ ကျေနပ်စရာရလဒ်လို့ပဲဆိုရပါလိမ့်မယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular