spot_img

အနာဂတ်တွင် ဘာစီလိုနာအသင်းဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လိုကြောင်း ပီကေး အတည်ပြု

ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝမှ အနားယူလိုက်ပြီဖြစ်သည့် ဘာစီလိုနာအသင်းနောက်ခံလူ ပီကေးက အနာဂတ်တွင် အသင်းဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လိုကြောင်း အတည်ပြုပြောကြားခဲ့သည်။

Twich တွင် ထုတ်လွှင့်သည့် အင်တာဗျူးအစီအစဉ်၌ ပီကေးက ယခုလို ပြောကြားခဲ့ခြင်းဖြစ်ပြီး လတ်တလောတွင်မူ အခြားစီးပွားရေးလုပ်ငန်းများကို အာရုံစိုက်သွားမည်ဟုဆိုသည်။ 

myan789

“တစ်ချိန်ကျရင် ကျွန်တော် အဲဒီလိုလုပ်ဖြစ်မှာ သေချာပါတယ်။ ဒါပေမဲ့ အခုလောလောဆယ်တော့ မဟုတ်သေးပါဘူး။ နေ့စဉ်နေ့တိုင်း လေ့ကျင့်မှုမလုပ်ရတာက ကျွန်တော့်ကို တခြားအရာတွေအပေါ် အာရုံစိုက်ဖို့ အခွင့်အရေးရစေပါတယ်။ အနာဂတ်မှာတော့ ကျွန်တော်တို့ စောင့်ကြည့်ကြတာပေါ့။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ ကလပ်အသင်းမှာရှိနေတဲ့ အလားအလာတွေကို အမြင့်ဆုံးဖြစ်အောင် ကူညီပေးချင်ပါတယ်” ဟု ၎င်းင်းက ပြောကြားခဲ့သည်။

အသက် ၃၅ နှစ်ရှိပြီဖြစ်သည့် ပီကေး သည် ဘာစီလိုနာအသင်းနှင့် ၂၀၂၄ ခုနှစ်အထိ စာချုပ်ကျန်ရှိနေသော်လည်း အနားယူတော့မည်ဖြစ်ကြောင်း နိုဝင်ဘာ ၃ ရက်တွင် ရုတ်တရက်ကြေညာခဲ့ခြင်းဖြစ်သည်။ ၎င်းသည် နိုဝင်ဘာ ၅ ရက်က အယ်လ်မီရီယာ အသင်းနှင့်ပွဲတွင် အသင်းခေါင်းဆောင်အဖြစ် နောက်ဆုံးပါဝင်ကစားခဲ့သည်။ 

၎င်းအနေဖြင့် လူစာရင်းတွင် ပါဝင်နေဆဲဖြစ်ပြီး နိုဝင်ဘာ ၈ ရက်က အိုဆာဆူနာနှင့်ပွဲ ပထမပိုင်းပြီးခါနီး တွင် အသင်းဖော် လီဝန်ဒေါစကီး ထုတ်ပယ်ခံရသဖြင့် ဒိုင်လူကြီးကို စောဒကတက်ရာ အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရသည်။ ပီကေး သည် ဆီဂန်ဒါကလပ် အန်ဒိုရာအသင်းပိုင်ရှင် ဖြစ်သလို ၎င်း၏ Kosmos ကုမ္ပဏီမှာလည်း Davis Cup တင်းနစ်ပြိုင်ပွဲအပါအဝင် Esports ပြိုင်ပွဲများ ကျင်းပလျက်ရှိသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular