spot_img

အဓိက ပစ်မှတ် ကစားသမားကို ခေါ်ယူဖို့ရာ အာဆင်နယ် အသင်း နောက်ကျလွန်းသွားခဲ့ပြီလို့ သတိပေးလိုက်တဲ့ ဂါးလက်စ်

ဝီလီယံ ဂါးလက်စ် ကတော့ သူ့ရဲ့ အသင်းဟောင်း အာဆင်နယ် အသင်း အနေနဲ့ ဘီလ်ဘာအို အသင်း ရဲ့တောင်ပံ ကစားသမား နီကို ဝီလီယံ ကို ခေါ်ယူဖို့ရာ နောက်ကျ သွားခဲ့ပြီလို့ သတိပေး ပြောကြား သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ချဲလ်ဆီး ၊ လီဗာပူး ၊ ဘာစီလိုနာ တို့နဲ့ အပြိုင် နီကိုဝီလီယံ ကို တောက်လျှောက် ချိတ်ဆက် နေခဲ့တာဖြစ်ပေမယ့် ထိရောက်တဲ့ ကမ်းလှမ်းမှုတော့ လုပ်ခြင်း မရှိသေးပါဘူး ။ နီကို ဝီလီယံ ဟာ ယူရို ၂၀၂၄ မှာ စပိန် အသင်း ချန်ပီယံ ဖြစ်ရာမှာ အဓိက ကျခဲ့တဲ့ ကစားသမား တစ်ဦး ဖြစ်ပါတယ် ။

myan789

ဂါးလက်စ်ကတော့ ဝီလီယံ ကို ခေါ်ယူဖို့ရာ အာဆင်နယ် အသင်းရော ချဲလ်ဆီး အသင်းပါ နောက်ကျ သွားခဲ့ပြီ ဖြစ်ပြီး ဘာစီလိုနာ အသင်းကို ရောက်တော့မှာ ဖြစ်တယ်လို့ Gambling Zone မှာ ပြောကြား သွားခဲ့ပါတယ် ။ ” သိပ်ကို နောက်ကျ သွားပါပြီ ။ အာဆင်နယ် ၊ ချဲလ်ဆီး ၊ လီဗာပူး ပရိသတ်တွေရေ ဒါမှမဟုတ် နီကိုဝီလီယံ နဲ့ ချိတ်ဆက်နေကြတဲ့ အသင်းတွေရေ စိတ်တော့ မကောင်းပါဘူး ၊ ခင်ဗျားတို့ နောက်ကျ သွားခဲ့ပါပြီ ။ ”

William Gallagher has warned that his former club, Arsenal, is too late to sign Bilbao winger Nico Willian.

” သူက ဘာစီလိုနာကို သွားမှာပါ ။ ဘာစီလိုနာ က အဲ့ဒီကောင်လေးကို ရဖို့ အစွမ်းကုန် ကြိုးစားမှာပါ ၊ အထူးသဖြင့် သူက လာမင်းယာမဲလ် နဲ့လည်း ဆက်ဆံရေးကောင်း ရှိနေသူပါ ။ သူတို့ နှစ်ဦး က ကွင်းထဲမှာ အတွဲညီညီ ကစား နိုင်သူပါ ၊ ကွင်းပြင်ပမှာလည်း အတွဲညီပါတယ် ၊ တကယ့်ကို သူငယ်ချင်းအရင်းကြီးတွေလိုပါ ၊ အမြဲတမ်း တပူးပူးတတွဲတွဲပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular