spot_img

အစ်ဆွစ်ကိုအနိုင်ယူပြီးနောက် အန်းစလော့လက်ထက်မှာ ဘာတွေထူးခြားလာသလဲဆိုတာ ရှင်းပြလိုက်တဲ့ မိုဆာလက်

ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်အဖြစ် ပို့မန်းရုဒ်မှာ အစ်ဆွစ်ကို ၂-၀ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ပွဲစဉ်အတွင်း ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုရရှိတဲ့အထိ ခြေစွမ်းပြသနိုင်ခဲ့တဲ့ မိုဆာလက်က လီဗာပူးနည်းပြသစ် အန်းစလော့လက်အောက်မှာ ကစားရတဲ့အခြေအနေက နည်းပြဟောင်းယာဂန်ကလော့ပ်လက်အောက်မှာ ကစားရတဲ့ အခြေအနေနဲ့ အတော်လေးကွဲပြားခြားနားလွန်းတယ်လို့ ဝန်ခံပြောဆိုလိုက်ပါတယ်။

အခုပွဲစဉ်မှာ မိုဆာလက်က ဒုတိယပိုင်းပွဲချိန်အတွင်း ဂျိုတာရဲ့အဖွင့်ဂိုးကို ဖန်တီးပေးခဲ့သလို အသင်းအတွက် အနိုင်သေချာစေမယ့် ဒုတိယမြောက်ဂိုးကိုလည်း သွင်းယူပေးခဲ့ပါတယ်။

myan789

အခုလိုစွမ်းဆောင်ရည်ပိုင်းကြောင့် အီဂျစ်ကြယ်ပွင့်က ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်တွေမှာ သွင်းဂိုးရယူနိုင်မှု အများဆုံးကစားသမား (၉ ဂိုး)ဖြင့် စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။

ပွဲစဉ်အပြီး TNT Sports သတင်းဌာနနဲ့တွေ့ဆုံချိန် မိုဆာလက်က “ ဒီနေ့နိုင်ပွဲအတွက် အရမ်းဝမ်းသာမိပါတယ်။ အခုစွမ်းဆောင်ရည်ပိုင်းက အသင်းအတွက် အမြဲလိုလို အကျိုးသက်ရောက်မှုတစ်ခုဖြစ်စေပြီး ပွဲစဉ်တိုင်းမှာ အနိုင်သုံးမှတ်အပြည့်ရရှိဖို့ကသာ အရေးအကြီးဆုံးအရာဖြစ်ပါတယ်။

ရာသီအဖွင့်ပွဲစဉ်တွေမှာ ကျွန်တော့်အနေနဲ့ ဘာကြောင့် ဒီလောက်အထိအောင်မြင်မှုရရှိနေသလဲဆိုတာ သေချာမသိပါဘူး။ ဒါပေမယ့် အခုလိုစွမ်းဆောင်ရည်မျိုးကို ရာသီအဖွင့်ပွဲစဉ်သာမက တစ်ရာသီလုံးစာ သယ်ဆောင်သွားနိုင်ဖို့လည်း မျှော်လင့်မိပါတယ်။

ကျွန်တော်ကတော့ အသင်းကို ကူညီပေးနိုင်ဖို့ အမြဲတမ်းကြိုးစားနေပါတယ်။ အရေးအကြီးဆုံးအရာက အသင်းအတွက် အနိုင်ရလဒ်တွေ ရရှိနေဖို့ပါပဲ။ ကျွန်တော်ကိုယ်တိုင်လည်း အမြဲတမ်းလိုလို ဂိုးတွေသွင်းယူဖို့၊ ဂိုးဖန်တီးပေးမှုတွေလုပ်ဆောင်ဖို့ လိုလားနေပါတယ်။ ဒါကြောင့် ဒီလိုစိတ်အားထက်သန်မှုမျိုးကို ဆက်လက်သယ်ဆောင်သွားဖို့လည်း လိုအပ်ပါတယ်”လို့ ပြောပါတယ်။

ချန်ပီယံရှစ်မှ လတ်လတ်ဆတ်ဆတ်တန်းတက်လာတဲ့ အစ်ဆွစ်ချ်နဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အတွင်း လီဗာပူးအသင်းက ဂိုးပေါက်တည့်ကန်ချက်တစ်ကြိမ်မှမရရှိတဲ့အထိ ဆိုးဆိုးရွားရွားရုန်းကန်ခဲ့ရပါတယ်။ ဒုတိယပိုင်းပွဲချိန်တွေမှာ ဧည့်သည်တွေက ပွဲကိုလွှမ်းမိုးလိုက်ပြီး အနိုင်ရလဒ်ဖော်ဆောင်နိုင်ခဲ့ပါတယ်။

မိုဆာလက်က “ အထူးသဖြင့် အဝေးကွင်းမှာ တန်းတက်လာတဲ့အသင်းတွေနဲ့ရင်ဆိုင်ရတာ အတော်လေးခက်ခဲကြမ်းတမ်းပါတယ်။ အရမ်းခက်ခဲတာပါ။

ဒါက ဘောလုံးရာသီသစ်ရဲ့ပထမဆုံးပွဲစဉ်ဖြစ်ပြီး ကလပ်အသင်းကလည်း ဒီအပေါ်မှာ အမြဲတမ်းအဆင်သင့်ရှိနေပါတယ်။ ပရီးမီးယားလိဂ်မှာ ကာလရှည်ဖြတ်သန်းခဲ့ဖူးလို့ ခက်ခဲကြမ်းတမ်းတဲ့ပွဲစဉ်တစ်ခုကို ရင်ဆိုင်နိုင်ရေး ကျွန်တော်တို့မှာ အတွေ့အကြုံတွေ အပြည့်ရှိပါတယ်”လို့ ဆက်ပြောပါတယ်။

အခုပွဲစဉ်က အန်းစလော့အတွက် လီဗာပူးနည်းပြဘ၀ ပထမဆုံးပြိုင်ပွဲအသွင်ပွဲစဉ်တစ်ခု ဖြစ်လာပါတယ်။ ဒတ်ချ်လူမျိုးနည်းပြက ပြီးခဲ့တဲ့ဘောလုံးရာသီကုန်မှာ မာဆေးဆိုဒ်ဒေသခံကလပ်မှထွက်ခွာသွားတဲ့ ယာဂန်ကလော့ပ်ရဲ့အရိုက်အရာကို ဆက်ခံခဲ့သူဖြစ်ပါတယ်။

Ipswich Town 0-2 Liverpool

မိုဆာလက်က “ ဒီနည်းပြနှစ်ဦးလက်အောက်မှာ ကစားရတဲ့ပုံစံက အတော်လေးကွဲပြားခြားနားပါတယ်။ ကလော့ပ်ဆိုရင်လည်း ဒီကလပ်အသင်းမှာ ရှစ်နှစ်လောက်ရှိနေခဲ့ပြီး အရာရာတိုင်းကို ပေးဆပ်ခဲ့ပါတယ်။

အခုအချိန်မှာတော့ ကျွန်တော်တို့မှာ နည်းပြသစ်တစ်ဦး၊ System အသစ်တစ်ခု ရှိနေပါပြီ။ အဲ့ဒါက ကျွန်တော်တို့အတွက် အတော်လေးကွဲပြားခြားနားပါတယ်။ ကျွန်တော်တို့ အသားကျသွားဖို့ လိုအပ်ပါတယ်။ ဘောလုံးကို ပျော်ပျော်ရွှင်ရွှင်ကစားပြီး နည်းပြကစားစေချင်တဲ့ပုံစံအတိုင်း ကစားနိုင်ဖို့ တစ်ဆင့်ပြီးတစ်ဆင့် သင်ယူသွားရပါမယ်။

ကျွန်တော်တို့ကတော့ ဘောလုံးကို ပျော်ပျော်ရွှင်ရွှင်နဲ့ပဲကစားချင်တာပါ။ ပြီးရင်တော့ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ စောင့်ကြည့်သွားကြတာပေါ့”လို့ ဆိုပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular