spot_img

အစ်ကိုဖြစ်သူကြောင့် ကျောနံပါတ် (၂၉)ဂျာစီကို ဝတ်ဆင်ခြင်းဖြစ်သည်ဟု ဟာဗက်ဇ် ဖွင့်ဟ

ချယ်လ်ဆီးကွင်းလယ်ကစားသမား ဟာဗက်ဇ်က မိမိအနေဖြင့် ကလပ်အသင်းများတွင် ကျောနံပါတ် (၂၉)ဂျာစီကို ဝတ်ဆင်ကစားခြင်းမှာ အစ်ကိုဖြစ်သူကြောင့် ဖြစ်သည်ဟု ဖွင့်ဟပြောကြားခဲ့သည်။

အသက် (၂၂)နှစ်အရွယ်ရှိ ဂျာမန်ကွင်းလယ်လူ ဟာဗက်ဇ်သည် လေဗာကူဆင်အသင်းတွင် ကျောနံပါတ် (၂၉)ဂျာစီကို ဝတ်ဆင်ခဲ့သလို၊ လက်ရှိ ချယ်လ်ဆီးအသင်းတွင်လည်း ကျောနံပါတ် (၂၉)ဂျာစီကို ဝတ်ဆင်ကစားနေသူဖြစ်သည်။

myan789

ဟာဗက်ဇ်က ကျောနံပါတ် (၂၉)ဂျာစီကို အစ်ကိုဖြစ်သူကြေင့် ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး မိမိအနေဖြင့် အဆိုပါနံပါတ်ကို နှစ်သက်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဟာဗက်ဇ်က “ကျွန်တော် ငယ်ငယ်တုန်းက FIFA၊ PES ဂိမ်းစ်တွေကို အစ်ကိုနဲ့အတူ ကစားလေ့ရှိပါတယ်။ အဲဒီဂိမ်းစ်တွေထဲ ကျွန်တော်တို့အနေနဲ့ ကိုယ့်နာမည်တွေနဲ့ ထည့်ကစားလေ့ရှိပြီး ကျွန်တော်က ကျောနံပါတ် (၁၀)ဂျာစီနဲ့ ရွှေရောင်ဖိနပ်ကို ဝတ်ဆင်လေ့ရှိပြီး အစ်ကိုကတော့ ကျောနံပါတ် (၂၉)ဂျာစီကို ဝတ်ဆင်လေ့ရှိပါတယ်။ ကျွန်တော် လေဗာကူဆင်အသင်းနဲ့ ပရော်ဖက်ရှင်နယ်စာချုပ် ချုပ်တော့ တာဝန်ရှိသူတွေက လွတ်နေတဲ့ထဲက ဘယ်ကျောနံပါတ်ကို ဝတ်မလဲလို့ ကျွန်တော့်ကို မေးခဲ့ပါတယ်။ သူတို့က (၂၉) လွတ်နေတယ်ပြောတော့ အဲဒီနံပါတ်ကို ကျွန်တော် ယူမယ်ဆိုပြီး ပြန်ဖြေခဲ့တာပါ။ အစ်ကိုကြောင့် ကျောနံပါတ် (၂၉)ဂျာစီကို ဝတ်ဆင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ကျောနံပါတ် (၂၉)က တစ်ခါတလေမှာ ကျွန်တော့်အတွက် ကံကောင်းမှုတွေကို ယူဆောင်လာပြီး တစ်ခါတလေမှာတော့ အဲဒီလို မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီနံပါတ်ကို ကျွန်တော် နှစ်သက်ပါတယ်။ လူတွေကလည်း ကျွန်တော့်ကို နံပါတ် (၂၉)နဲ့ တွဲသိကြပါတယ်”ဟု ပြောကြားခဲ့သည်။

ဟာဗက်ဇ်သည် ၂၀၂၀ နွေရာသီအပြောင်းအရွှေ့ကာလတွင် လေဗာကူဆင်အသင်းမှ ချယ်လ်ဆီးအသင်းသို့ ပေါင်သန်း (၇၀) ဝန်းကျင်ဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။

၎င်းသည် ပြီးခဲ့သည့် ၂၀၂၀-၂၁ ရာသီက ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ (၄၅)ပွဲတွင် (၉)ဂိုးသာ သွင်းယူပေးနိုင်ခဲ့သော်လည်း မန်စီးတီးအသင်းအား (၁-၀)ဂိုးဖြင့် အနိုင်ရခဲ့သည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့သူဖြစ်သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular