spot_img

အင်္ဂလန်အတွက် နှစ်ဂိုးသွင်းခဲ့တဲ့ ဂျက်စီ လင်ဂတ်နဲ့ ပတ်သက်လို့ အံ့အားသင့်မိတဲ့ အရာတစ်ခုကို ပြောပြလိုက်တဲ့ ဒန်နီ မာဖီ

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်ကြယ်ပွင့် ကစားသမား တစ်ဦး ဖြစ်သူ ဂျက်စီ လင်ဂတ်ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီတုန်းက ဝက်စ်ဟမ်း ယူနိုက်တက် အသင််းဆီ ရာသီဝက် အငှား သွားရောက် ကစားခဲ့ပြီး ပုံစံကောင်းတွေကို ပြသထားနိုင်ခဲ့ ပါတယ် ။

ဒါပေမဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်် တိုက်စစ် နေရာအတွက် ဘရူနို ဖာနန်ဒက်စ် ၊ ပေါလ် ပေါ့ဂ်ဘာ နဲ့ ဒွန်နီ ဗန်ဒီ ဘိခ် တို့လို ကစားသမားကောင်းတွေ ရှိနေကြတဲ့ အတွက် သူဟာ အသင်းမှာ ဆက်မနေပဲ ထွက်ခွာလိမ့်မယ်လို့ ထင်ကြေးပေးခံခဲ့ရ ပါတယ် ။

myan789

ဒီအတွက် ဒေးဗစ် မိုယက်စ် ဦးဆောင်တဲ့ ဝက်စ်ဟမ်း အသင််းကလည်း ကစားသမားဖြစ်သူကို အပြီးသတ် ခေါ်ယူဖို့ စိတ်အားထက်သန်ခဲ့ပါသေးတယ် ။ ဒါပေမဲ့ လက်တွေ့မှာတော့ လင်ဂတ်ရဲ့ ဝက်စ်ဟမ်း အသင်းဆီ အပြောင််းအရွှေ့ဟာ ဒီနွေမှာ မဖြစ််ပွားခဲ့ရ ပါဘူး ။

အခုတော့ သူဟာ အင်္ဂလန် လက်ရွေးစင် အသင်းအတွက်် ပါဝင် ကစားပေးခဲ့သေးပြီး ကိုယ်တိုင် နှစ်ဂိုး သွင်းယူ တစ်ဂိုး ဖန်တီးခဲ့ပါသေးတယ် ။ အခုတော့ talk Sport ရဲ့ သတင်း သုံးသပ်သူ ဖြစ်တဲ့ ဒန်နီ မာဖီက လင်ဂတ် အသင််းမပြောင်းခဲ့တဲ့အပေါ် အံ့အားသင့်မိကြောင်း ပြောခဲ့လိုက််ပါတယ် ။

” သူ (လင်ဂတ်) ထွက်မသွားတဲ့ အတွက် ကျွန်တော် အံ့အားသင့်မိပါတယ် ။ ကျွန်တော် ပြောချင်တာ ခင်ဗျားတို့ သိကြတယ်မလား ? သူဟာ ဝက်စ်ဟမ်း အသင်းမှာ ပုံစံကောင်း ပြန်လည် ပိုင်ဆိုင်နိုင်ခဲ့ ပါတယ် ။ လူတွေ သူ့ကို ဝေဖန်နေခဲ့ကြတဲ့ အချိန်မှာတောင် ကျွန်တော်ဟာ သူ့ရဲ့ ပရိသတ် ဖြစ်ခဲ့ပါသေးတယ် ”

” လင်ဂတ် ကစားတဲ့ ပုံစံကို ကြည့်လိုက်ပါ ၊ ကျွန်တော်ကတော့ သူ့ကို တကယ့်ဥာဏ်ကောင်းတဲ့ ကစားသမားလို့ပဲ ခေါ်ဆိုမှာပါ ။ သူဟာ ပွဲစဥ်ကို ကောင်းကောင်း သိမြင်နိုင်စွမ်းရှိတဲ့ အရည်အသွေးတွေကို ပိုင်ဆိုင်ထားပါတယ် ”

” ကျွန်တော် ပြောချင်နေတာက သူဟာ ဘယ်အချိန် ပြိုင်ဖက်တွေကို ကျော်ဖြတ် ပြေးလွှားရမလဲ ၊ ဘယ်လို အချိန် နေရာလွတ်တွေမှာ နေရာယူ ကစားရမလဲ ဆိုတာ ကောင်းမွန််စွာ သိရှိထားပါတယ် ။ သူ့ရဲ့ ဥာဏ်ကောင်းပုံ အရ သူဟာ နေရာအစုံမှာ ကစားပေးနိုင်စွမ်း ရှိသူပါပဲ ”

” ကျွန်တော် သူ့ကို တကယ်ပဲ နှစ်သက်လှ ပါတယ် ။ သူဟာ ခေါ်ယူလိုက်တဲ့ အသင်းတိုင်း အတွက် ကြောက်မက်ဖွယ်ကောင်းတဲ့ ကစားသမား ဖြစ်နိုင်မှာပါ ။ အခု ရော်နယ်ဒိုကို ခေါ်ယူထားမှု ၊ အခြား ကစားသမားတွေ ရှိနေမှု အရ သူ့ကို အငှားချလိုက်ခဲ့သင့်ပါတယ် ။ ဖြစ်သင့်တယ်မလား ? ”

” ဒါမဖြစ်ခဲ့တဲ့အတွက် ကျွန်တော် တကယ်ပဲ အံ့အားသင့်မိပါတယ် ။ ယူနိုက်တက် နဲ့ စာချုပ်ကုန်ဖို့ စောင့်ဆိုင်းနေမယ်ဆိုရင်လည်း ဒါဟာ မျှတတယ်လို့ ကျွန်တော် ပြောမိမှာပါ ။ အကယ်လို့ ခင်ဗျားလန်းဆန်းနေတယ် ၊ ပွဲစဥ်တွေ ကစားပေးနိုင်တယ်ဆိုရင် ပွဲထွက်ခွင့် ရသင့်တယ်လေ ” လို့ မာဖီ က ပြောခဲ့လိုက် ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular