မန်ယူအသင်း၏ နည်းပြဟောင်း ဖာဂူဆန်က အင်္ဂလန်လက်ရွေးစင်အသင်း၏ နည်း ပြရာထူးအတွက် ကမ်းလှမ်းခံခဲ့ရဖူးပြီး(၂)ကြိမ် ငြင်းပယ်ခဲ့ဖူးသည်ဟု ဖွင့်ဟပြောကြားခဲ့သည်။
ဖာဂူဆန်သည် မန်ယူအသင်းကို ကိုင်တွယ်နေစဉ်အတွင်း အင်္ဂလန်လက်ရွေးစင်နည်းပြရာထူးအတွက် ကမ်းလှမ်းခံခဲ့ရခြင်းဖြစ်ပြီး လက်ခံနိုင်စရာမရှိသည့် အခြေအနေဖြစ်သောကြောင့် ငြင်းပယ်ခဲ့ခြင်းဖြစ်ကြောင်းလည်း ဆိုခဲ့သည်။
ဖာဂူဆန်က “စကော့တလန်လူမျိုးတစ်ယောက်အတွက် ထူးခြားတဲ့ အခွင့်အရေးရရှိခဲ့တာပါပဲ။ ပထမတစ်ကြိမ် ကမ်းလှမ်းမှုမှာ လက်ခံချင်စရာမရှိတဲ့ အချက်အလက်တွေ ပါဝင်ခဲ့သလို၊ ဒုတိယအကြိမ် ကမ်းလှမ်းမှုမှာလည်း ဆွဲဆောင်နိုင်စွမ်းမရှိခဲ့ပါဘူး”ဟု ပြောကြားခဲ့သည်။
ဖာဂူဆန်သည် မန်ယူအသင်း၏ နည်းပြအဖြစ် ဆောင်ရွက်နေစဉ်အတွင်း အင်္ဂလန်လက်ရွေးစင်နည်းပြအဖြစ်ဆောင်ရွက်ရန် ကမ်းလှမ်းခြင်းခံခဲ့ရဖူးသလို၊ နယူးကာဆယ်အသင်း၏ နည်းပြအဖြစ် ဆောင်ရွက်ရန် ၁၉၉၇ ခုနှစ်က ကမ်းလှမ်းခံခဲ့ ရဖူးကြောင်းလည်း သိရသည်။
လက်ရှိအချိန်၌ နယူးကာဆယ်အသင်းက နည်းပြသစ်ရှာဖွေနေချိန်ဖြစ်သောကြောင့် ဖာဂူဆန်နှင့်သတင်းကို ပြန်လည်ဖော်ပြခဲ့ခြင်းလည်းဖြစ်သည်။