spot_img

အင်္ဂလန်လက်ရွေးစင်ကစားသမား စတာလင်နှင့် ဟန်ဒါဆန် MBE ဘွဲ့ ချီးမြှင့်ခံရ

ယူရို-၂၀၂၀ ပြိုင်ပွဲ ယှဉ်ပြိုင်နေသည့် အင်္ဂလန်လက်ရွေးစင် ကစားသမားနှစ်ဦး ဖြစ်သူ တိုက်စစ်ကစားသမား စတာလင်နှင့် ကွင်းလယ်လူ ဟန်ဒါဆန်သည် ဗြိတိန်ဘုရင် မကြီး ပေးအပ်သည့် MBE ဘွဲ့ ချီးမြှင့်ခံရကြောင်း သိရသည်။

သက်တော် ၉၅ နှစ်ရှိပြီဖြစ်သည့် ဘုရင်မကြီး အဲလိဇဘက် II ၏ ဧပြီတွင်ကျရောက် ခဲ့သော မွေးနေ့အထိမ်းအမှတ်အဖြစ် ဗြိတိန် အားကစားလောကအပါအဝင် နယ်ပယ် အသီးသီးမှ ထင်ရှားကျော်ကြားသူများအား သူကောင်းဘွဲ့များ ပေးအပ်ချီးမြှင့်ခြင်းဖြစ်သည်။

myan789

မန်စီးတီးအသင်း တိုက်စစ်ကစားသမား စတာလင် (၂၆ နှစ်) သည် အားကစားလောကအတွင်း လူမျိုးရေးဆိုင်ရာ တန်းတူညီမျှမှုရရှိရေး ကြိုးပမ်းဆောင်ရွက်မှုကြောင့် MBE (Members of the Order of the British Empire) ဘွဲ့ ချီးမြှင့်ခံရခြင်းဖြစ်သည်။ လီဗာပူးလ်အသင်းခေါင်းဆောင် ဟန်ဒါဆန် (၃၀ နှစ်) မှာလည်း ဘောလုံးလောကတွင် ကာလရှည်ကြာ ပါဝင်ကစားလျက်ရှိသလို COVID-19 ကပ်ရောဂါကာလအတွင်း လူမှုအကျိုးပြုလုပ်ငန်းများဆောင်ရွက်မှုကြောင့် MBE ဘွဲ့ ချီးမြှင့်ခံရခြင်းဖြစ်သည်။

ထို့ပြင် ၂၀၂၀-၂၀၂၁ ရာသီကုန်တွင် ခရစ္စတယ်ပဲလေ့စ်အသင်းနှင့် လမ်းခွဲခဲ့သည့် ၀ါရင့်နည်းပြ ရွိုင်းဟော့ဒ်ဆန် (၇၃ နှစ်) မှာ လည်း CBE (Commander of the Most Excellent Order of the British Empire) ဘွဲ့ ချီးမြှင့်ခံရကြောင်း သိရသည်။ ယခုနှစ် ဘုရင်မကြီး၏ မွေးနေ့အထိမ်းအမှတ် ဂုဏ်ပြုစာရင်းတွင် အားကစားလောကမှ CBE ဘွဲ့ ချီးမြှင့်ခံရသူ နှစ်ဦး၊ OBE ဘွဲ့ချီးမြှင့်ခံရသူ ကိုးဦး၊ MBE ဘွဲ့ချီးမြှင့်ခံရသူ ၂၃ ဦးရှိကြောင်း သိရသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular