တရုတ်အခြေစိုက်ဆန်နင်းစီး ပွားရေးအဖွဲ့အစည်းသည် ၎င်းတို့ပိုင် ဆိုင်ထားသည့် အင်တာမီလန်အသင်း ကို ရောင်းချခြင်းမှ ယူရို (၁)ဘီလီယံ အထိရရှိရန်မျှော်လင့်နေကြောင်း အီ တလီမီဒီယာများ ဖော်ပြနေကြသည်။ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းမှစတင် ၍ အင်တာမီလန်အသင်းကို ဆန်နင်း စီးပွားရေးအဖွဲ့အစည်း ပြန်လည် ရောင်းချရန်(သို့မဟုတ်) ရှယ်ယာရှင် အသစ်များရင်းနှီးမြှုပ်နှံရန် မျှော်လင့် နေကြောင်း သတင်းများထွက်ပေါ်ခဲ့ သည်။ အင်တာမီလန်အသင်းထိပ်ပိုင်း တာဝန်ရှိသူများက အဆိုပါသတင်း များကို ငြင်းဆန်ခဲ့သော်လည်း ကပ် ဘေးကာလအတွင်း ဝင်ငွေထိခိုက် ခြင်းနှင့် ကြွေးမြီပြဿနာများကြောင့် အင်တာမီလန်အသင်းသည် ချေးငွေ အရေးပေါ်လိုအပ်နေကြောင်း အီတ လီမီဒီယာများ သုံးသပ်ခဲ့သည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း$ ပြု လုပ်ခဲ့သော ဆန်နင်းစီးပွားရေး အဖွဲ့ အစည်း၏ တရုတ်နှစ်သစ်ကူးပွဲတော် တွင် အင်တာမီလန်အသင်းပိုင်ရှင် တရုတ်လူမျိုး မစ္စတာကျန်းသည် မလို အပ်သည့်စီးပွားရေးလုပ်ငန်းများ$ ရင်းနှီးမြှုပ်နှံမှုများ ဖြတ်တောက်သွား မည်ဟု အတိအလင်းကြေညာခဲ့သဖြင့် အင်တာမီလန်အသင်း၏ အနာဂတ် မှာ ပိုင်ရှင်သစ်များလက်ထဲ ရောက်ရှိ ရန်နီးစပ်လာပြီဖြစ်ကြောင်း Tutto Sport က ဖော်ပြခဲ့သည်။
ဆန်နင်း စီးပွားရေးအဖွဲ့အစည်းသည် အင်တာ မီလန်အသင်းကို ကာလရှည်ပိုင်ဆိုင် ထားသည့် မိုရက်တီမိသားစုထံမှ ယူ ရိုသန်း (၉၀၀)ဝန်းကျင်ဖြင့် ၂၀၁၆ ခုနှစ်တွင် ဝယ်ယူခဲ့ခြင်းဖြစ်သည်။ BC Partners ဟုအမည်ရသည့် အဖွဲ့အစည်းသည် အင်တာမီလန် အ သင်း ၏ ရှယ်ယာများကို ဝယ်ယူရန် (သို့ မ ဟုတ်) အင်တာ မီလန်အသင်း ကို ချေးငွေပေးရန် ဆွေး နွေးမှုများပြု လုပ်လျက်ရှိကြောင်းလည်း သိရ သည်။ လက်ရှိအချိန်တွင် အင်တာမီ လန်အသင်းတာဝန်ရှိသူများနှင့် BC Partners တို့ကြား ဆွေးနွေးမှုများပြု လုပ်နေပြီး သဘောတူညီမှုရရှိဖွယ်ရှိ နေကြောင်း Gazzetta dello Sport က ဖော်ပြခဲ့သည်။ BC Partners ဘက်က လာမည့်မတ်လ (၃၁)ရက် နောက်ဆုံးထား၍ ဆွေးနွေးမှုအပြီး သတ်ရန်မျှော်လင့်နေသည်။
အင်တာမီလန်အသင်းသည် ပြီး ခဲ့သည့်ရာသီတွင် ယူရိုသန်း (၁၀၀) ဆုံးရှုံးခဲ့ပြီး လက်ရှိရာသီကုန်ဆုံးချိန်၌လည်း အရှုံးငွေပမာဏပိုမိုမြင့်တက် လာနိုင်ကြောင်း Financial Times က ဖော်ပြခဲ့သည်။ ထို့ပြင် အင်တာမီ လန်အသင်းအနေဖြင့် လာမည့်ရာသီ တွင်ပုံမှန်အတိုင်းလည်ပတ်နိုင်ရန် အတွက် ယူရိုသန်း (၂၀၀)ဝန်းကျင် အရေးပေါ်လိုအပ်နေပြီး ရင်းနှီးမြှုပ်နှံ သူအသစ်များ မဖြစ်မနေရှာဖွေရမည် ဖြစ်သည်။