အင်တာမိုင်ယာမီအသင်း၏ ၂၀၂၄ ရာသီအတွက် တစ်ရာသီစာလက်မှတ်များမှာ လက်ရှိ အချိန်တွင် အားလုံးရောင်းကုန်သွားခဲ့ပြီဖြစ်ကြောင်း သိရသည်။
အင်တာမိုင်ယာမီအသင်းသည် ၂၀၂၃ ရာသီပြီးဆုံးပြီး (၂)ပတ်ဝန်းကျင်အကြာမှာပင် လာမည့်ရာသီအတွက် တစ်ရာသီစာလက် မှတ်အားလုံးကို ရောင်းချနိုင်ခဲ့ခြင်းလည်းဖြစ်သည်။
အင်တာမိုင်ယာမီအသင်းသည် ကမ္ဘာကျော် တိုုက်စစ်မှူး မက်ဆီကို ခေါ်ယူနိုင်ခဲ့ပြီးနောက် ၂၀၂၄ ရာသီအတွက် တစ်ရာသီစာ လက်မှတ်စျေးနှုန်းကို (၂)ဆခန့် မြှင့်တင်ခဲ့သည့်အပြင် ထိုင်ခုံအရေအတွက်ကိုလည်း တိုးမြှင့်ခဲ့သည်။
ယင်းအခြေအနေမှာပင် လက်မှတ်အားလုံး စောစီးစွာရောင်းကုန်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၂၀၂၄ မေဂျာလိဂ်ပြိုင်ပွဲ စတင်မည့်ရက်ကိုမူ ယခုအချိန်ထိ တရားဝင်ထုတ်ပြန်ခြင်း မရှိသေးပေ။