spot_img

အက်ဖ်အေဖလား တတိယအဆင့်မှာ တွေ့ဆုံမယ့် ပြိုင်ဘက် မရင်းကို လီဗာပူးတို့ ကူညီပေးနေမှု အပေါ် တုန့်ပြန်ခဲ့တဲ့ ဂျိုဆေးမော်ရင်ညို

ဂျိုဆေးမော်ရင်ညိုက တော့တင်ဟမ်ဟော့စပါးနဲ့ ရင်ဆိုင် ကစားရမယ့် အက်ဖ်အေဖလား ပွဲစဉ် မတိုင်မီ အပျော်တန်း ကလပ် ဖြစ်တဲ့ မရင်းကို analysis နဲ့ ပက်သက်ပြီး လီဗာပူး အသင်းရဲ့ ကူညီပေးမှုဟာ လုံး၀ သာမန် အခြေအနေ ဖြစ်တယ်လို့ ဆိုလိုက် ပါတယ်။ စပါးဟာ လာမည့် တနင်္ဂနွေနေ့မှာ အက်ဖ်အေဖလား တတိယ အဆင့် ပွဲစဉ် အဖြစ် Rossett Park ကို သွားရောက် ကစားရမှာ ဖြစ်ပြီး ဒါဟာ ပြိုင်ပွဲ သမိုင်းတစ်လျှောက် ပြိုင်ဘက် အသင်း ၂ သင်းခြား ကွာဟမှု အကြီးမားဆုံး ပွဲစဉ် အဖြစ် မှတ်တမ်းဝင်သွား ခဲ့ပါတယ်။

ပေါ်တူဂီ မန်နေဂျာ ကတော့ သူ့ရဲ့ အသင်း အနေနဲ့ ပြိုင်ဘက်ကို တလေးတစား ယှဉ်ပြိုင်ကာ လန်ဒန်ကို နိုင်ပွဲနဲ့ ပြန်နိုင်အောင် ကြိုးစားမှာ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက မရင်းနည်းပြ နေးလ်ယန်းက လီဗာပူး အသင်းဟာ တော့တင်ဟမ် ရဲ့ video analysis တွေနဲ့ ပက်သက်ပြီး သူတို့ကို ကူညီ ထောက်ပံ့ပေး ခဲ့တယ်လို့ ထုတ်ဖော် ခဲ့ပါတယ်။

myan789

မော်ရင်ညိုက “လီဗာပူးတို့ မရင်းကို ကူညီနေတာဟာ သာမန် အခြေအနေလို့ပဲ ကျွန်တော် ထင်ပါတယ်။ ခင်ဗျားတို့ သိကြတဲ့ အတိုင်းပဲ သူတို့ဟာ အိမ်နီးချင်းတွေ ဖြစ်ကြပါတယ်။ သူတို့ကြားမှာ စိတ်ခံစားမှုပိုင်း ဆိုင်ရာ ဆက်နွယ်မှုတွေ ရှိနေမယ် ဆိုတာ ကတော့ ကျွန်တော် အသေအချာ သိနေပါတယ်။ လီဗာပူးတို့ ကျွန်တော်တို့ အသင်းနဲ့ ပက်သက်တဲ့ analysis ကို သူတို့ကို ပေးတာ ၊ သူတို့ မရနိုင်တဲ့ အချက်အလက်တွေကို ပေးတာ လုံး၀ သာမန် အခြေအနေ လို့ပဲ ကျွန်တော် ခံစားမိ ပါတယ်။

ကျွန်တော်တို့ ဘာကို မျှော်လင့် ထားရမလဲ? ကျွန်တော်တို့ ကွင်းထဲမှာ စောင့်ကြည့် သွားဖို့ လိုပါတယ်။ ကစားသမားတွေရဲ့ safety အတွက် ကွင်းဟာ လုံး၀ အိုကေ နေဖို့ အတွက် အရေးကြီးပါတယ်။ သူတို့ဟာ ကွင်းကို တက်နိုင်သမျှ အကောင်းဆုံး အနေအထားမှာ ရှိနေအောင် အစွမ်းကုန် ကြိုးစား သွားလိမ့်မယ်လို့ ကျွန်တော် ယုံကြည် ထားပါတယ်။

မရင်း ကလပ် နဲ့ ကစားသမား တွေဟာ သူတို့ career ရဲ့ အကြီးကြယ်ဆုံး ပွဲကို ကစား သွားမှာပါ။ ဒါ့ကြောင့် သူတို့ကို လေးစားမှု အပြည့်နဲ့ ယှဉ်ပြိုင်ကာ အနိုင်ယူဖို့က လွဲပြီး ကျွန်တော်တို့ ဘာလုပ် သွားနိုင်မှာလဲ? ဘာမှ မရှိပါဘူး။ ဒီလို အသင်းတွေကို လေးစားမှု ပြသချင်တယ် ဆိုရင် အနိုင်ရအောင် ကစားခြင်း ကသာ အမှန်ကန်ဆုံး နည်းလမ်းလို့ ကျွန်တော် အမြဲ ယုံကြည် ပါတယ်။ သူတို့ကို ကောင်းမွန်တဲ့ အသင်းနဲ့ ကစားကာ လေးစားမှု ပြသ သွားရမှာ ဖြစ်ပြီး တာဝန်ယူမှု တာဝန်ခံမှု ရှိတဲ့ အသင်း ၊ စိတ်ဓာတ် ပြင်းထန်တဲ့ အသင်းနဲ့ ဒီပွဲကို အနိုင်ယူ သွားရမှာပါ။

ဒါကသာ လေးစားမှု ပြသတာ ပါပဲ။ ဒါဟာ အသင်းကြီးတွေရဲ့ cup mentality ပါပဲ။ အကယ်၍ အဲဒီကို သွားကစားကာ ရှုံးခဲ့မယ် ဆိုရင် ဒါဟာ သူ့အတွက် အရမ်းကို ကြီးကြယ်တဲ့ နိုင်ပွဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာ ကျွန်တော်တို့ အသင်းဘက်က သူတို့ အပေါ် လေးစားမှု ကင်းမဲ့ခြင်းလို့ ကျွန်တော် ယူဆ ပါတယ်။

ကျွန်တော်တို့ဟာ ဒီပွဲစဉ် အတွက် သာမန် အတိုင်း ပြင်ဆင် နေပါတယ်။ ကျွန်တော်တို့ ဒီပွဲ အတွက် ရည်ရွယ်ပြီး လေ့ကျင့် နေပါတယ်။ ကျွန်တော်တို့ အဲဒီပွဲစဉ် အတွက် နည်းစနစ်ပိုင်း ဆိုင်ရာ meeting ရှိပါတယ်။ ကျွန်တော်တို့ဟာ ဒီပွဲကို သွားကာ အနိုင်ရအောင် ကစားမှာပါ။” လို့ ဆိုလိုက် ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular