spot_img

အကယ်ဒမီထွက် လူငယ် ကြယ်ပွင့် 5 ဦး အထိကို စီနီယာ အသင်းဆီ ခေါ်ယူလိုက်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း

ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီတစ်ပါတ် ဝုလ်ဗ် အသင်းနဲ့ ရင်ဆိုင် ကစားရမယ့် ပွဲစဉ် မတိုင်မီ စီနီယာ အသင်းဆီကို အလားအလာ ကောင်းတဲ့ အကယ်ဒမီထွက် လူငယ် ကစားသမား 5 ဦး အထိ ခေါ်ယူ လေ့ကျင့် ခဲ့တယ်လို့ သိရှိလိုက်ရ ပါတယ် ။

မန်ချက်စတာ ညနေခင်း သတင်းမှ အတည်ပြု ဖော်ပြချက်အရ စီနီယာ အသင်းနဲ့ လေ့ကျင့်ခဲ့ ကြတဲ့ အဆိုပါ ကစားသမား 5 ဦးဟာ ရှိုလာ ရှိုရီတားယား ၊ ဖာကွန်ဒို ပယ်လီစထရီ ၊ အီသန် လဲ့ယာ့ဒ် ၊ အန်သိုနီ အီလန်ဂါ နဲ့ ဝီလ် ဖစ်ရှ် တို့ ဖြစ်ကြတယ်လို့ သိရှိ လိုက်ရ ပါတယ် ။

myan789

အဆိုပါ ကစားသမား 5 ယောက် ထဲမှာတော့ ရှိုလာ ရှိုရီးတိုင်းယား ဟာ အသက် 16 နှစ်သာ ရှိနေ သေးတဲ့ အသက် အငယ်ဆုံး တိုက်စစ်မှူး တစ်ဦးပဲ ဖြစ်ပါတယ် ။ သူဟာ ယူနိုက်တက် ယူ 23 အသင်းမှာ ကစားပေးရင်း ခြေစွမ်းကောင်းတွေကို ပြသ ထားနိုင် ခဲ့တဲ့ အတွက် ရှေ့ဆက် ထွန်းတောက် လာလိမ့်မယ်လို့ ထင်ကြေး ပေးခံ နေရသူပဲ ဖြစ်ပါတယ် ။

အဆိုပါ ကစားသမား စာရင်းထဲ ပါဝင် နေခဲ့တဲ့ ဝီလ် ဖစ်ရှ် ကလည်း ဒီရာသီ ယူနိုက်တက် ယူ 23 အသင်းမှာ ပုံမှန် ပွဲထွက်ခွင့်တွေ ရရှိ နေခဲ့တဲ့ ဗဟိုခံစစ် ကစားသမားလေး တစ်ဦးပဲ ဖြစ်ပါတယ် ။ သူဟာ ဒီနှစ် အတွင်း စီနီယာ အသင်းသား တစ်ဦး ဖြစ်တဲ့ မားကို့စ် ရိုဟို နဲ့ အတူ တွဲဖက် ကစားရတာ များခဲ့ ပါတယ် ။

ဒါ့အပြင် ပြီးခဲ့တဲ့ နွေတုန်းက ယူနိုက်တက်ဆီ ရောက်ရှိ လာခဲ့တဲ့ အသက် 18 နှစ် အရွယ် တောင်ပံတိုက်စစ် ကစားသမား ဖြစ်သူ ဖာကွန်ဒို ပယ်လီစထရီ ကတော့ ဒဏ်ရာ ပြသနာမှ ပြန်လည် သက်သာ ကောင်းမွန်လာခဲ့တဲ့ စီနီယာ အသင်းဖော် ဝမ် ဘစ်ဆာကာ နဲ့ အတူ ပူးပေါင်း လေ့ကျင့် နေခဲ့တယ်လို့ သိခဲ့ရ ပါတယ် ။

ဆွီဒင် နိုင်ငံသား တိုက်စစ် ကစားသမားလေး ဖြစ်တဲ့ အန်သိုနီ အီလန်ဂါ ကတော့ ဒီနှစ်အတွင်း ပရီးမီးယားလိဂ် 2 မှာ အသင်း အတွက် 11 ပွဲ ကစား ပေးထား ခဲ့ပြီး 4 ဂိုး အထိ သွင်းယူ ပေးထား နိုင်ခဲ့သူ အဖြစ် နာမည်ရ ထားခဲ့ ပါတယ် ။ အသက် 19 နှစ် အရွယ် လဲ့ယာ့ဒ် ကလည်း သူတို့တွေ နည်းတူ ဒီနှစ်မှာ ပုံစံကောင်းတွေ ပြသ နိုင်ခဲ့သူ ဖြစ်ခဲ့ရ ပါတယ် ။

အီသန် လဲ့ယာ့ဒ်ဟာ ပြီးခဲ့တဲ့နှစ် တုန်းက ယူနိုက်တက် အသင်း အတွက် ယူရို ပါလိဂ် ပြိုင်ပွဲမှာ ပါဝင် ကစားပေးသူ ဖြစ်ခဲ့တဲ့ အတွက် ယူနိုက်တက် ပရိသတ် အများစု ကတော့ သူ့ကို အနည်း နဲ့ အများ သိရှိ နေကြမှာ ပါပဲ ။ သူဟာ အက်စတာနာ အသင်း နဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ပါဝင် ကစားခွင့် ရရှိခဲ့ပြီး အေဇက် အယ်လ်ခမာ အသင်း နဲ့ ပွဲမှာ အရံခုံပေါ် ရှိခွင့် ပိုင်ဆိုင် ထားသူ ဖြစ်ခဲ့ရ ပါတယ် ။

ယူနိုက်တက် အသင်းဟာ ဒီဆယ်ရက်တာ အချိန်ကာလအတွင်းမှာ ပွဲစဉ် 4 ပွဲ အထိ ကစားရဖို့ ရှိနေတာ ဖြစ်ခဲ့တဲ့ အတွက် နည်းပြ ဆိုးလ်ရှားက အလုပ်များတဲ့ ဒီလို အခိုက်အတန့်မျိုးမှာ လန်းဆန်း တက်ကြွတဲ့ အသင်း တစ်သင်းကို ပွဲထုတ် ကစား စေနိုင်ဖို့ လူငယ်တွေကိုပါ ခေါ်ယူ လေ့ကျင့်စေခဲ့တာပဲ ဖြစ်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီညမှာ တော့တင်ဟမ် ဟော့ စပါး အသင်းကို သရေ ကစားထား ခဲ့တဲ့ ဝုလ်ဗ် အသင်း နဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပြီး ကြားရက် ထဲမှာတော့ မန်စီးတီး ၊ နောက် တစ်ပါတ် မှာတော့ ခြေစွာ နေခဲ့တဲ့ အက်စတွန် ဗီလာ အသင်း တွေနဲ့ ရင်ဆိုင် ကစားရမှာပဲ ဖြစ်ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular