စပါးနည်းပြ ပိုစတီကိုဂလူးက အသင်းကွင်းလယ်ကစားသမား ဟူဘယက်အား ရောင်းထုတ်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
ဒိန်းမတ်ကွင်းလယ်ကစားသမား ဟူဘယက်(၂၈ နှစ်)သည် ယခုရာသီ စပါးအသင်းတွင် ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရပြီး လာမည့်ဇန်နဝါရီတွင် အသင်းမှထွက်ခွာမည်ဟု သတင်းထွက်ပေါ်နေသည်။
ဟူဘယက်အား ခေါ်ယူရန် အက်သလက်တီကိုအပါအဝင် ဥရောပထိပ်တန်းအသင်းအချို့က စိတ်ဝင်စားနေကြသည်။
သို့သော် ပိုစတီကိုဂလူးက ”အသင်းက ဟူဘယက် ထွက်ခွာမယ်လို့ ကျွန်တော် တစ်ခါမှမစဉ်းစားဖူးပါဘူး။ သူက အသင်းအတွက် စွမ်းဆောင်ပေးချင်နေတာပါ။ ပုံမှန်ပွဲထွက်ခွင့်ရဖို့ သူ တိုက်ပွဲဝင်ပါလိမ့်မယ်”ဟု ပြောကြားခဲ့သည်။