spot_img

ဟာရီကိန်းကိုခေါ်ယူရာတွင် ပေးချေရမည့် ပြောင်းရွှေ့ကြေးနှင့် နစ်နာကြေးများအတွက် မာစီယဲလ်ကို ရောင်းချကာ မန်ယူငွေရှာမည်

မန်ယူအသင်းသည် စပါးအ သင်းထံမှ အင်္ဂလန်တိုက်စစ်မှူး ဟာရီ ကိန်းအား ခေါ်ယူရာတွင် ပေးချေရမည့် ပြောင်းရွှေ့ကြေးနှင့် ၎င်းင်းကို စိုက်ထုတ် ပေးချေရမည့်နစ်နာကြေးများအတွက် အထောက်အကူဖြစ်စေရန် အသင်း ရှိပြင်သစ်တိုက်စစ်မှူး မာစီယဲလ်ကို ရောင်းချကာ ငွေရှာသွားမည်ဖြစ် ကြောင်း သိရှိရသည်။

The Times သတင်းစာ၏ ဖော် ပြချက်အရ ဟာရီကိန်းသည် စပါးအ သင်းတာဝန်ရှိသူများထံ အသင်းမှ ထွက်ခွင့် တောင်းခံသွားမည်ဖြစ်ပြီး ယင်းကဲ့သို့ အသင်းမှထွက်ခွင့်တောင်း ပါက ၎င်းင်းအနေဖြင့် စပါးအသင်းထံမှ ရရန်ရှိသည့် ဆုကြေးအချို့နှင့် သစ္စာ ခံကြေးကဲ့သို့သော နှစ်ဦးသဘောတူ ညီချက်အရ ရရှိမည့်ငွေကြေးများ ဆုံး ရှုံးနစ်နာမည်ဖြစ်သည်။ သို့ဖြစ်ရာ မန် ယူ အသင်းသည် ဟာရီကိန်းနစ်နာမည့် ငွေကြေးများအတွက် ၎င်းင်းတို့မှပင် စိုက်ထုတ်ကျခံပေးသွားရန် စီစဉ်ထား ကြောင်းသိရှိရသည်။ မန်ယူအသင်း အနေဖြင့် ဟာရီကိန်းအား ကမ်းလှမ်း မှုအတွက် ပြောင်းရွှေ့ကြေးပေါင်သန်း (၁၅၀)ခန့်သုံးစွဲရဖွယ်ရှိကာ ၎င်းင်း၏အ ပြောင်းအရွှေ့မှာ ငွေကြေးများစွာကုန် ကျနိုင်သော အပြောင်းအရွှေ့တစ်ခု ဖြစ်နေသည်။

myan789

ယင်းအတွက်ကြောင့် မန်ယူ အသင်းတာဝန်ရှိသူများသည် ကိန်း ၏အပြောင်းအရွှေ့အတွက် ငွေကြေး တစ်စိတ်တစ်ပိုင်းရရှိရန် ရည်ရွယ်ပြီး မာစီယဲလ်ကိုရောင်းချရန် စီစဉ်နေ ကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။ မာစီယဲလ် သည် ပြီးဆုံးခဲ့သည့် ၂၀၂၀-၂၁ ရာသီ က မန်ယူအသင်းအတွက် ပရီးမီးယား လိဂ်(၄)ဂိုးသာ သွင်းယူနိုင်ခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular