စပါးနည်းပြ နူနိုဆန်တိုက အသင်းတိုက်စစ်မှူး ဟာရီကိန်းအနေဖြင့် ဂိုးများ သွင်းယူနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
အသက် (၂၈)နှစ်အရွယ်ရှိ အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ဂိုးသွင်းယူနိုင်ခြင်း မရှိသေးသဖြင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။
သို့သော် နူနိုဆန်တိုက ဟာရီကိန်းမှာ အသင်းအတွက် အလွန်အရေးပါသူဖြစ်ပြီး မကြာမီ ဂိုးများသွင်းယူနိုင်လိမ့်မည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
နူနိုဆန်တိုက “ပရီးမီးယားလိဂ်မှာ ဟာရီကိန်း ဂိုးမိုးခေါင်နေတာ ပုံမှန်ပါပဲ။ ဟာရီကိန်းအနေနဲ့ အရင်ကလည်း ဒါမျိုးကြုံဖူးပါလိမ့်မယ်။ ဒါပေမဲ့ ဟာရီကိန်းဟာ ကျွန်တော်တို့အတွက် ဂိုးတွေထက်ပိုပြီးတော့ တန်ဖိုးရှိသူပါ။ အသင်းအတွက် ဟာရီကိန်း ဘာတွေလုပ်ပေးနိုင်တယ်ဆိုတာ ပိုအရေးကြီးပါတယ်။ သူဟာ ထိပ်တန်းကစားသမားတစ်ဦးဖြစ်ပြီး သူ့အနေနဲ့ ဂိုးတွေသွင်းနိုင်ပါလိမ့်မယ်”ဟု ပြောကြားခဲ့သည်။
ဟာရီကိန်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ပွဲစဉ် (၆)ပွဲ ပါဝင်ကစားထားရာတွင် ဂိုးသွင်းယူနိုင်ခြင်းမရှိသေးသော်လည်း အသင်းအတွက် ပြိုင်ပွဲစုံ (၁၀)ပွဲတွင် (၆)ဂိုးအထိ သွင်းယူပေးထားသည်။