ရီးယဲလ်မက်ဒရစ်အသင်းသည် ဘယ်လ်ဂျီယံလက်ရွေးစင်တောင်ပံကစားသမား အီဒင်ဟာဇက်အား တိုက်စစ်မှူးအဖြစ်အသုံးပြုသွားရန် စီစဉ်ထားကြောင်း သိရှိရသည်။
အသက် (၃၁)နှစ်အရွယ်ရှိ ဟာဇက်သည် ရီးယဲလ်မက်ဒရစ်အသင်းတွင် (၃)ရာသီကြာ ကစားခဲ့ပြီးဖြစ်သော်လည်း ဒဏ်ရာပြဿနာများနှင့်အတူ ပြိုင်ပွဲစုံ (၆၆)ပွဲသာကစားခွင့်ရခဲ့ပြီး (၆)ဂိုးသာသွင်းယူပေးနိုင်ခဲ့သည်။
ထို့ကြောင့် ဟာဇက်အနေဖြင့် လာမည့် ၂၀၂၂-၂၃ ဘောလုံးရာသီတွင် အကောင်းဆုံးပုံစံဖြင့် ပြန်လာနိုင်ရန် ပစ်မှတ်ထားနေပြီး နည်းပြ အန်ဆယ်လော့တီမှာလည်း ဟာဇက်အား အခွင့်အရေးပေးသွားရန် စီစဉ်ထားကြောင်း သိရသည်။
အန်ဆယ်လော့တီသည် ဟာဇက်အား အသက်အရွယ်ရလာသည့် ဝါရင့်တိုက်စစ်မှူး ဘန်ဇီမာ၏နေရာတွင် အလှည့်ကျအစားထိုးအသုံးပြုသွားရန်စီစဉ်နေပြီး ဘာစီလိုနာနှင့်ကစားခဲ့သည့် ရာသီကြိုခြေစမ်းပွဲတွင် ဟာဇက်အား အထောင်တိုက်စစ်မှူးအဖြစ် ကစားစေခဲ့သလို၊ တိုက်စစ်တွင် နေရာစုံအသုံးပြုကာ စမ်းသပ်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
လက်ရှိ ရီးယဲလ်အသင်းတွင် အထောင်တိုက်စစ်မှူးအဖြစ် ဘန်ဇီမာ၊ မာရီယာနိုဒီယက်ဇ်နှင့် မာယိုရယ်တို့ (၃)ဦးသာရှိနေသည်။