spot_img

ဟက်ထရစ်ရရှိသော်လည်း ပယ်နယ်တီမဝင်သည့်အတွက် လာဇီယိုတိုက်စစ်မှူး အီမိုဘီလီ မကျေနပ်

ပြီးခဲ့သည့် စပီဇီယာအသင်းနှင့်ပွဲတွင် ဟက်ထရစ် သွင်းယူနိုင်သော်လည်း ပယ်နယ်တီဝင်အောင် မကန်သွင်းနိုင်သည့်အတွက် လာဇီယိုတိုက်စစ်မှူး အီမိုဘီလီက သူ့ကိုယ်သူ ဒေါသထွက်နေကြောင်း ဖွင့်ဟပြောဆိုခဲ့သည်။

လာဇီယိုအသင်းသည် တန်းတက် စပီဇီယာအသင်းကို အိမ်ကွင်းတွင် (၆-၁)ဂိုးဖြင့် အနိုင်ရရှိပြီး အီမိုဘီလီက ဟက်ထရစ် ရရှိခဲ့ခြင်းဖြစ်သည်။

myan789

အီမိုဘီလီ၏ပယ်နယ်တီကန်သွင်းမှုကို စပီဇီယာဂိုးသမား ဂျီရိုအန်ဇော့တ် ကာကွယ်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။

အီမိုဘီလီက ”ဟက်ထရစ်သွင်းနိုင်လို့ အသင်းဖော်တွေကို ကျေးဇူးတင်ပါတယ်။ နည်းပြ ဆာရီနဲ့ဆိုရင် တိုက်စစ်မှူးတွေ ဂိုးတွေပိုသွင်းနိုင်တဲ့ မှတ်တမ်းကောင်းက ကျွန်တော်နဲ့အတူ ဆက်လက်တည်မြဲနေပါပြီ။ ဒါပေမဲ့ ပယ်နယ်တီဝင်အောင် မကန်နိုင်ခဲ့လို့ ကိုယ့်ကိုယ်ကို ဒေါသထွက်မိပါတယ်။ ကျွန်တော် ကန်သွင်းခါနီးမှာ ထောင့် ပြောင်းပြီးကန်မယ်လို့ ဆုံးဖြတ်လိုက်တာ မှားသွားပါတယ်”ဟု ပြောကြားခဲ့သည်။

အီမိုဘီလီသည် ပြီးခဲ့သည့်ဘောလုံးရာသီတွင် ပယ်နယ်တီ (၄)ကြိမ် လွဲချော်ခဲ့ကြောင်း သိရသည်။

လာဇီယိုနည်းပြ ဆာရီကမူ စီးရီးအေ အဖွင့် (၂)ပွဲဆက် ဂိုးပြတ်အနိုင်ရရှိခဲ့သော်လည်း အထင်ကြီးစိတ်မဝင်ရန် သတိပေးခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular