spot_img

‘သူဟာ ခေါင်းဆောင်ကောင်းတစ်ယောက်ပါ’ – အသင်းဖော် ကာစီမီရို အပေါ် ဖရက်ဒ်၏ သုံးသပ်ချက်နှင့် မန်ယူအသင်း၏ စိတ်ဓာတ်များ ပြောင်းလဲလာပုံ

မန်ယူအသင်းသည် ယခုရာသီတွင် ဆုဖလားလေးခုရယူရန် ကြိုးပမ်းနေဆဲဖြစ်ပြီး အသင်း၏ စိတ်ဓာတ်ပြောင်းလဲမှုမှာ အထင်ကြီးစရာဖြစ်သည်။

အက်ဖ်အေဖလား ကွာတားဖိုင်နယ်သို့ ရောက်ရှိစေခဲ့သည့် မန်ယူအသင်း နောက်ထပ်တစ်ကျော့ပြန်အနိုင်ရရှိမှုပြီးနောက် အသင်းအတွင်း စိတ်ဓာတ်ပြောင်းလဲလာမှုများကြောင့် မန်ယူ၏နွေရာသီခေါ်ယူမှုများအား အသက် ၂၉ နှစ်ရှိ ကွင်းလယ်ကစားသမား ဖရက်ဒ်က ချီးကျူးခဲ့သည်။

myan789

ခြောက်နှစ်အတွင်း မန်ယူ၏ ပထမဆုံး ဆုဖလားအဖြစ် ဝင်ဘာလေ မှာ ကာရာဘောင်းဖလားကို ဆွတ်ခူးပြီး လေး ရက်အကြာ ယမန်နေ့ (မတ် ၂) က မန်ယူသည် အိုးထရက်ဖို့ဒ် မှာ ဝက်စ်ဟမ်းကို ကနဦးတွင် ၁ ဂိုးအသာပေးခဲ့ရသော်လည်း နောက်ဆုံး ၁၃ မိနစ်အတွင်း ၃ ဂိုးသွင်းကာ အနိုင်ယူခဲ့သည်။

မန်ယူအသင်းသည် ယခုရာသီမှာ သူတို့၏ ကြံ့ခိုင်သောစိတ်ဓာတ်ကို အကြိမ်ကြိမ် ပြသခဲ့ပါသည်။ ၎င်းတို့သည် ယူရိုပါလိဂ်အဖွင့်အကျော့၌ ဘာစီလိုနာနှင့် ယှဉ်ပြိုင်ကစားရာတွင် နှစ်ကြိမ်နောက်ကျကျန်ရစ်ပြီးမှ အနိုင်ရခဲ့သည်။ ဇန်န၀ါရီလတွင် မန်စီးတီးကို နောက်ဆုံး ၁၂ မိနစ်တွင် ၂ ဂိုး သွင်းယူကာ ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။

ဤအသင်း၏ စိတ်ဓာတ်ကို ယခုရာသီတွင် ချီးကျူးထားပြီး ဖရက်ဒ်က နည်းပြတန်ဟက်ဂ်အား အဝတ်လဲခန်းသို့ ယုံကြည်ချက်ယူဆောင်လာမှုအပြင် နွေရာသီခေါ်ယူမှုများ (အထူးသဖြင့် တောင်အမေရိကသားများဖြစ်သော မာတီနက်ဇ်၊ ကာစီမီရို နှင့် အန်တိုနီ)၊ နှင့်အတွေးအမြင်ပြောင်းလဲစေခြင်းတို့ကြောင့် ချီးကျူးခဲ့သည်။

“နည်းပြ တန်ဟက်ဂ် က သူနဲ့အတူ အရာအများကြီး ယူဆောင်လာတယ်၊ သူက အဝတ်လဲခန်းထဲကို စွမ်းအင်တွေ ယူဆောင်လာပါတယ်။ ဘာကွာခြားလဲတော့ မသိဘူး၊ ကစားသမား တွေကတော့ ဒီကစားသမားတွေပါပဲ၊ ဒါပေမဲ့ အသစ်ပြောင်းလဲသွားတဲ့ စိတ်ဓာတ်နဲ့ပါ။” ဟု ဖရက်ဒ်က ပြောကြားခဲ့သည်။

“ကျွန် တော် တို့ယုံကြည် တဲ့အခိုက် အတန့် တိုင်းမှာ ကျွန် တော် တို့ပွဲကိုယုံကြည် တယ် ၊ ကျွန် တော် တို့မှာစိတ် ဓာတ် ရှိတယ် ၊ ဆုဖလား တွေရဖို့ ဒါကိုဆက် ထိန်းထားဖို့က အရေးကြီးပါတယ်။” ဟုလည်း ဖရက်ဒ်က ဆိုသည်။

ဤရာသီတွင် မန်ယူ၏ အလှည့်အပြောင်းမှာ အဓိကကစားသမားတွေထဲက တစ်ဦးကတော့ ဖရက်ဒ် ၏ အသင်းဖော် ကာစီမီရို ပါ။ အသက် ၃၁ နှစ်ရှိ ကာစီမီရို သည် ဩဂုတ်လတွင် ဘရန့်ဖို့ဒ်အားမန်ယူမှ ၄-၀ ဖြင့် မရှုမလှရှုံးနိမ့်ခဲ့ပြီးကတည်းကပင် ယခုနွေရာသီတွင် မန်ယူသို့ပြောင်းရွှေ့လိုခဲ့ခြင်းဖြစ်ကာ သူသည် အသွင်ပြောင်းပေးမှုတစ်ခုအဖြစ် သက်သေပြလျက်ရှိပါသည်။

ရီးယဲလ်မက်ဒရစ်အသင်းနှင့်အတူ ချန်ပီယံလိဂ်ဖလား (၅) ကြိမ်ရရှိခဲ့သော ကွင်းလယ်ကစားသမားသည် ဖေဖော်ဝါရီ ၂၆ တွင် မန်ယူနှင့်အတူ သူ၏ပထမဆုံးဆုဖလားကို ဂုဏ်ပြုခဲ့ခြင်းဖြစ်သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular