ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ဗင်းဆင့်ကွန်ပနီက စနေနေ့က ဝါဒါဘရီမင်နှင့်ပွဲတွင် ခြေစွမ်းပြသခဲ့တဲ့ မိုက်ကယ်အိုလီစီကို ချီးကျူးစကားဆိုလိုက်ပါတယ်။ မိုက်ကယ်အိုလီစီအနေနဲ့ ဘိုင်ယန်မြူးနစ်သို့ တကယ်ရောက်လာတာ ကောင်းပါတယ်။ နွေရာသီမှာ ငွေကြေးကြီးကြီးမားမားဖြင့် ခရစ္စတယ်ပဲလေ့စ်ကနေရောက်လာတဲ့ ကစားသမားဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်ကဟော်စတိန်း ကီရယ်နှင့်ပွဲတွင် သူ့ရဲ့ပထမဆုံး ဘွန်ဒစ်လီဂါသွင်းဂိုးကို သွင်းယူခဲ့ပြီး ချန်ပီယံလိဂ်ပွဲဦးထွက်ဖြစ်တဲ့ ဒိုင်နာမိုဇာဂရက်ဘ်နှင့် ယှဉ်ပြိုင်ခဲ့တဲ့ပွဲမှာ ခြေစွမ်းပြပြီး ဂိုးသွင်းခဲ့တာလည်းဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ စနေနေ့က ဝါဒါဘရီမင်ကို ၅-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ၂ ဂိုး သွင်းယူပြီး ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။
ဒါဟာ ဘိုင်ယန်မြူးနစ်အတွက် အလွန်အရေးပါတဲ့ ကစားသမားဖြစ်လာခဲ့တဲ့ အိုလီဆီရဲ့ ပြောင်မြောက်တဲ့ စွမ်းဆောင်ရည်တစ်ခုပါ။ ကွန်ပနီကတော့ ပြင်သစ်နိုင်ငံသားရဲ့ ဘိုင်ယန်မြူးနစ်မှာ ပြသနေတဲ့ ခြေစွမ်းတွေကို အရမ်းသဘောကျနေတာဖြစ်ပါတယ်။
စနေနေ့က ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ဘိုင်ယန်မြူးနစ်နည်းပြက “သူဟာ ထူးခြားတဲ့ အရည်အချင်းရှိတဲ့သူပါ။ ဘိုင်ယန်မှာ ကစားသမားကောင်းတွေ အများကြီးရှိလို့ အရမ်းကောင်းပါတယ်။ မိုက်ကယ်က အရမ်းကောင်းခဲ့ပါတယ်။ သူရဲ့ ဘိုင်ယန်မြူးနစ်ရှိစတင်မှုဟာ ဒီထက်ပိုမကောင်းနိုင်ပါဘူး။ သူက ဆက်ပြီးကြိုးစားနေရအုံးမှာဖြစ်ကာ သူ့မှာ ဖိအားတွေရှိနေတယ်လို့လည်း ကျွန်တော်တော့ မထင်မိပါဘူး” လို့ ပြောခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်ဟာ ပြီးခဲ့တဲ့နွေရာသီက ခရစ္စတယ်ပဲလေ့စ်မှ မိုက်ကယ်အိုလီစီအား ခေါ်ယူရန် ချဲလ်ဆီး၊ ယူနိုက်တက်တို့နှင့် အပြိုင်အဆိုင် ကြိုးစားခဲ့ရတာဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ် ကစားသမားဟာ ဘိုင်ယန်တွင် ပိုမိုကောင်းမွန်တဲ့ ကစားသမားဘဝစတင်ထားနိုင်ပြီး အသင်းအတွက် ၅ ဂိုး သွင်းယူထားကာ ပထမဆုံး ၆ ပွဲတွင် ၃ ဂိုး ဖန်တီးပေးထားပါတယ်။
အိုလီဆီနဲ့ ဘိုင်ယန်မြူးနစ်အတွက် နောက်တစ်ပွဲကတော့ လက်ရှိဘွန်ဒက်လီဂါချန်ပီယံ လေဗာကူဆင်နဲ့ အိမ်ကွင်းမှာ ကစားရမယ့်ပွဲ ဖြစ်ပါတယ်။ တောင်ပံကစားသမားရဲ့ နောက်ထပ်အားကောင်းတဲ့ စွမ်းဆောင်ရည်တွေကြောင့် ကလပ်မှာပရိသတ်အချစ်တော် ကစားသမားတစ်ယောက်အနေနဲ့ သူ့ရဲ့အဆင့်အတန်းကို ပိုမိုခိုင်မာစေမှာဖြစ်ပါတယ်။