spot_img

ဝက်စ်ဟမ်းအသင်းထံမှ ပေါင်သန်း (၂၀)ဖြင့်ခေါ်ယူထားသည့် ဟယ်လာကို ယူရိုပါလိဂ်လူစာရင်းတွင် အေဂျက်စ် မထည့်သွင်းမိ

နယ်သာလန် ထိပ်သီးကလပ် အေဂျက်စ်အသင်းသည် အလွန်ကြီးမားသည့် အမှားအယွင်းတစ်ခုအဖြစ် ဝက်စ်ဟမ်းအသင်းထံမှ ပေါင်သန်း (၂၀)ဖြင့် ခေါ်ယူထားသည့် တိုက်စစ်မှူး ဟယ်လာကို အသင်း၏ ယူရိုပါလိဂ်လူစာရင်းတွင် မထည့်သွင်းမိခဲ့ဟု သိရှိရသည်။

အေဂျက်စ်အသင်းသည် ဟယ်လာအား ဇန်နဝါရီလ (၈)ရက်နေ့ကတည်းက အသင်းထံသို့ ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ယူရိုပါလိဂ်ပြိုင်ပွဲအတွက် လူစာရင်းတင်သွင်းရသည့်နေ့မှာ ဖေဖော်ဝါရီလ (၃)ရက်နေ့မှဖြစ်သည်။

myan789

ဇန်နဝါရီအပြောင်းအရွှေ့ကာလနောက်ဆုံးနေ့တွင် ခေါ်ယူခဲ့သည့် ကစားသမားပင် ယူရိုပါလိဂ်လူစာရင်းတွင် ပါဝင်ခဲ့ပြီး ဟယ်လာ မပါဝင်ခဲ့ခြင်းမှာမူ အလွန်ကြီးမားသည့် မတော်တဆ မှားယွင်းမှုတစ်ခုလည်းဖြစ်သည်။

ယင်းအတွက်ကြောင့် ဟယ်လာသည် ယခုရာသီ ယူရိုပါလိဂ်တွင် ဝင်ရောက်ကစားခွင့်မရမည့် အခြေအနေနှင့် ကြုံတွေ့နေရသည်။

အေဂျက်စ် အသင်း၏ ပြောရေးဆိုခွင့်ရှိသူ ဘရင်ကူရစ်က “သူက အသင်းရဲ့လူစာရင်းမှာ လုံးဝမပါဝင်ခဲ့ပါဘူး။ ဒီအမှားဟာ ဘယ်လိုကြောင့် ဖြစ်လာသလဲဆိုတာကိုသိရဖို့ ကျွန်တော်တို့ ကြိုးစားသွားမှာပါ။ အခုတော့ နယ်သာလန်ဘောလုံးအဖွဲ့ချုပ်နဲ့ UEFA တို့ကို ဆက်သွယ်ပြီး ပြန်လည်ပြင်ဆင်ခွင့်ရဖို့ ကြိုးစားနေပါတယ်”ဟု ပြောကြားခဲ့သည်။

ဟယ်လာသည် အေဂျက်စ်အ သင်းအတွက် (၆)ပွဲကစားပေးထားပြီး (၂)ဂိုး သွင်းယူနိုင်ခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular