spot_img

လေ့ကျင့်ခန်းပြန်ဆင်းသည့် ပုံများကို လူမှုကွန်ရက်စာမျက်နှာ၌ ဗန်ဒိုက် ဖော်ပြ

ဒူးဒဏ်ရာခွဲစိတ်မှုကြောင့် ကာလရှည်အနားယူနေရသော လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက်သည် ကလပ်အသင်း၌ သူလေ့ကျင့်ခန်းပြန်ဆင်းနေသည့်ပုံများကို လူမှုကွန်ရက် စာမျက်နှာ၌ ဖော်ပြခဲ့ကြောင်း သိရသည်။

ဗန်ဒိုက်သည် ယခုနှစ်အောက်တိုဘာလအတွင်းက ကစားခဲ့သော မာဆေးဆိုက်ဒ် ဒါဘီပွဲစဉ် အဲဗာတန်(၂-၂)လီဗာပူးလ်ပွဲတွင် အဲဗာတန် ဂိုးသမား ပစ်ဖို့ဒ်၏ ဘောလုံးဖျက်ထုတ်မှုတစ်ခုကြောင့် ဒူး၌ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး သူ၏ဒဏ်ရာအနေအထားအရ ယခုရာသီတွင် ဘောလုံးပြန်ကစားနိုင်ဖွယ်မရှိဟု တာဝန်ရှိသူများက သတ်မှတ်ထားကြသည်။

myan789

ယခု သူ လေ့ကျင့်ခန်းပြန်လည်ပြုလုပ်နေသည်ကို တွေ့မြင်ရခြင်းကြောင့် ဒဏ်ရာပြဿနာကြုံ တွေ့နေရသည့်အသင်းအတွက် စိတ်ပူနေကြ သော လီဗာပူးလ်ပရိသတ်များအား အနည်းငယ်စိတ်သက်သာရာရစေကြောင်း ဗြိတိန်မီ ဒီယာများက ဖော်ပြခဲ့ကြသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular