သတင်းတွေအရလေဗာကူဆင်စတားတာဟာအသင်းနဲ့စာချုပ်သက်တမ်းမတိုးတော့ဘူးလို့ သိရပါတယ်။ အသက် ၂၈ နှစ်သားဟာယူရို ၂၀၂၄ မှာဂျာမနီအသင်းအတွက် ပါဝင်ကစားပေးခဲ့ပြီးအခုရာသီကလေဗာကူဆင်အတွက်ကစားပေးတာနောက်ဆုံးရာသီလို့ အတည်ပြုလိုက်ပါတယ်။
“ကျွန်တော် ဒီမှာ ၉ နှစ်လောက်ရှိနေပါပြီ။ ဒီအသင်းနဲ့အတူအနိမ့်အမြင့် အတက်အကျတွေကိုရင်ဆိုင်ခဲ့ပါတယ်။ ပြီးခဲတဲ့ရာသီတုန်းကတော့ တကယ့်ရာသီကောင်းတစ်ခုဖြစ်ခဲ့ပါတယ်။
အဲ့တာထက်ပိုမကောင်းနိုင်တော့ပါဘူး။ ကျွန်တော်တွေးတာကအသင်းနဲ့စာချုပ်သက်တမ်းတိုးလိုက်ရင် အခုဆိုကျွန်တော့်အသက်က ၂၈ နှစ်ရှိနေပါပြီ။ သက်တမ်းတိုးလိုက်ရင် ၃၀ ကျော်လောက်အထိကစားရတော့မှာပါ။
ဘောလုံးသမားဘဝက တိုတောင်းပါတယ်။ ဒါကြောင့် ကျွန်တော်အခုဖြစ်နိုင်တာတွေကိုစဉ်းစားနေပါတယ်။ နွေရာသီမှာ ကျွန်တော်တစ်စုံတစ်ခုခံစားလိုက်ရပါတယ်။ အခုတော့ အသစ်အသစ်တွေရှာဖွေရတော့မှာပါ။
ကျွန်တော်ကစားသမားတစ်ဦးအနေနဲ့ လုပ်နိုင်တာကိုလုပ်ဆောင်ခဲ့ပြီးပါပြီ။ ကျွန်တော့်ဆန္ဒက ရှင်းပါတယ်။ စိန်ခေါ်မှုအသစ်တွေလိုချင်ပါတယ်။ အသင်းတွေအနေနဲ့တော့ သဘောတူညီမှုရဖို့ လိုအပ်ပါတယ်။
အချို့သတင်းတွေကသတင်းအမှားတွေပါ။ အဆုံးသတ်မှာကစားသမားပဲခံစားရပါတယ်။ ကျွန်တော်တို့ကစားသမားတွေအကောင်းဆုံးလုပ်ဆောင်ခဲ့ပါတယ်။
ဒါပေမယ့် အခြေအနေတွေကကစားသမားတစ်ဦးတည်းအပေါ်မှာပဲမူတည်နေတာမဟုတ်ပါဘူး။ ကမ်းလှမ်းမှုတွေရှိခဲ့ပါတယ်။ ဘိုင်ယန်ဆီကတင်မဟုတ်ပါဘူး။ လေဗာကူဆင်အတွက် ကစားပေးရတာကို ကျွန်တော်ကြိုက်ပါတယ်။
ဒါပေမယ့် ကျွန်တော် စိန်ခေါ်မှုအသစ်တွေလိုချင်ပါသေးတယ်။ ကျွန်တော့်ဆုံးဖြတ်ချက်ကရှင်းလင်းပါတယ်။ အသင်းနဲ့စာချုပ်သက်တမ်းမတိုးတော့ပါဘူး။ လက်ရှိမှာအသင်းနဲ့ ၂၀၂၅ အထိစာချုပ်သက်တမ်းရှိနေပါတယ်။ အဲ့မတိုင်ခင်အထိ ကျွန်တော်အသင်းအတွက် အရားအားလုံးပေးဆပ်ကစားမှာပါ”လို့ တာက ဖြေကြားခဲ့ပါတယ်။
ဘိုင်ယန်ဟာလာမယ့် ဇန်နဝါရီ ဒါမှမဟုတ် နွေရာသီမှာတာကိုခေါ်ယူဖွယ်ရှိနေပါတယ်။