အာဆင်နယ်နည်းပြ အာတီတာက ကစားသမားအင်အားနည်းပါးခြင်းကို ကာကွယ်ပြောကြားခဲ့သည်။
အာတီတာသည် ပြီးခဲ့သည့်ဇန်နဝါရီတွင် ကစားသမား (၆)ဦးကို လက်လွှတ်ခဲ့ရသော်လည်း ကစားသမားသစ် ခေါ်ယူခဲ့ခြင်း မရှိပေ။
ထို့ကြောင့် အာဆင်နယ်အသင်းတွင် စီနီယာကစားသမား (၂၀) သာရှိပြီး ပါတေးနှင့် တီယာနေး ဒဏ်ရာရချိန်တွင် ရုန်းကန်နေရခြင်းဖြစ်သည်။
အာတီတာက ”လူတွေအများကြီးရှိတုန်းက ဘာအသံမှမထွက်ခဲ့သလို၊ အခုလည်း ဆင်ခြေပေးနေမှာ မဟုတ်ပါဘူး။ ရာသီအစတုန်းကလိုပဲ ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားသွားမှာပါ”ဟု ပြောကြားခဲ့သည်။