spot_img

လူမျိုးရေးခွဲခြားမှုအတွက် ကာကွယ်ပေးရန် ၀ိုင်နယ်လ်ဒမ်း တောင်းဆို

နယ်သာလန်အသင်း၏ ကွင်းလယ်ကစားသမား ၀ိုင်နယ်လ်ဒမ်းက လူမျိုးရေးခွဲခြားမှုများအတွက် UEFA အနေဖြင့် အကာအကွယ်ပေးသင့်သည်ဟု တောင်းဆိုခဲ့သည်။

ဇွန်လ (၁၉)ရက်က ကစားခဲ့သည့် အုပ်စု (F)ပွဲစဉ် ဟန်ဂေရီ (၁-၁) ပြင်သစ်ပွဲတွင် ပြင်သစ်တိုက်စစ်မှူးများဖြစ်သည့် ဘာပေနှင့် ဘန်ဇီမာတို့မှာ လူမျိုးရေးခွဲခြားမှုများနှင့် ရင်ဆိုင်ခဲ့ရကြောင်း သိရှိရသည်။

myan789

၀ိုင်နယ်လ်ဒမ်းက ချက်အသင်းနှင့် ရင်ဆိုင်ရမည့် ရှုံးထွက်(၁၆)သင်းအဆင့်ပွဲစဉ်တွင် လူမျိုးရေးခွဲခြားလှောင်ပြောင်ခံရပါက ကွင်းအတွင်းမှ ထွက်ခွာမည်ဟုလည်း ဆိုခဲ့သည်။

“UEFA အနေနဲ့ ကျွန်တော်တို့ကို ကာကွယ်ပေးသင့်ပါတယ်။ လူမျိုးရေးခွဲခြားမှုနဲ့ ရင်ဆိုင်ရရင် ကျွန်တော် ကွင်းထဲမှာ ဆက်ရှိနေမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အသင်းဖော်တွေ၊ ဒိုင်လူကြီးတွေနဲ့ ဆွေးနွေးပြီးမှ ဆုံးဖြတ်မှာပါ။ အဲဒီလိုဖြစ်မလာဖို့ မျှော်လင့်ပါတယ်”ဟု ၀ိုင်နယ်လ်ဒမ်းက ပြောကြားခဲ့သည်။

ထို့ပြင် ဝိုင်နယ်လ်ဒမ်းက မိမိအနေဖြင့် လူမျိုးရေးခွဲခြားမှုနှင့် ရင်မဆိုင်ဖူးသေးကြောင်း၊ ဘဝတစ်လျှောက်လုံး လူမျိုးရေးခွဲခြားမှုနှင့် ရင်မဆိုင်ရရန် မျှော်လင့်ကြောင်းလည်း ပြောကြားခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular