အာဆင်နယ်အသင်းသည် အသင်း၏ လူငယ်ကြယ်ပွင့်ကစားသမားများဖြစ်သည့် တိုက်စစ်မှူး မာတင်နယ်လီ၊ တောင်ပံကစားသမား ဆာကာနှင့် နောက်ခံလူ ဆာလီဘာတို့ကို စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေကြောင်း သိရသည်။
အဆိုပါလူငယ်ကြယ်ပွင့် ကစားသမား (၃)ဦးစလုံးသည် ၂၀၂၄ ခုနှစ်တွင် အာဆင်နယ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ယခုအခါ အသင်းတာဝန်ရှိသူများက ၎င်းတို့ကို နှစ်ရှည်စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေခြင်းဖြစ်သည်။
၎င်းတို့ (၃)ဦးစလုံးသည် ယခုရာသီတွင် အာဆင်နယ်အတွက် ခြေစွမ်းပြနေသူများဖြစ်သည်။