အင်တာမီလန်အသင်းတိုက်စစ်မှူး လူကာကူ၏ စီးရီးအေကစားသမားဘ၀ ပထမဆုံးဂိုးသွင်းယူသည့်ပြိုင်ဘက်အသင်းနှင့် လက်ရှိရာသီစီးရီးအေသို့ ပြန်လည်ရောက်ရှိလာပြီးနောက် ပထမဆုံးဂိုးသွင်းယူသည့် ပြိုင်ဘက်အသင်းမှာ တူညီနေကြောင်း သိရသည်။
လူကာကူသည် စီးရီးအေကစားသမားဘဝပထမဆုံးသွင်းဂိုးကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၆)ရက်တွင်ကစားသည့် လက်ချီအသင်းနှင့်ပွဲတွင် သွင်းယူခဲ့ပြီး ယခုစီးရီးအေသို့ပြန်လည် ရောက်ရှိလာပြီးနောက် ပထမဆုံးဂိုးသွင်းယူသည့်အသင်းမှာလည်း လက်ချီအသင်းဖြစ်နေသည်။
လူကာကူသည် ပြီးခဲ့သည့်လက်ချီအသင်းနှင့်ပွဲတွင် ပွဲအစ (၁)မိနစ်နှင့် (၂၂)စက္ကန့်တွင် ဂိုးသွင်းယူခဲ့ခြင်းဖြစ်ပြီး စီးရီးအေသမိုင်းတစ်လျှောက် ရာသီအဖွင့် ပွဲစဉ် (၁)တွင် အစောဆုံးသွင်းဂိုးအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။
အင်တာမီလန်သည် လက်ချီအသင်းကို (၂-၁)ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး အနိုင်ဂိုးအား ပွဲပြီးခါနီးမှ ဒမ်ဖရိုင်းစ်ကသွင်းပေးခဲ့သည်။