အင်တာမီလန်တိုက်စစ်မှူးဟောင်း ကာဆာနိုက အသင်း၏ကစားပုံမှာ လူကာကူအပေါ် မှီခိုလွန်းသည်ဟု ဝေဖန်ပြစ်တင်ခဲ့ကြောင်းသိရသည်။
အင်တာမီလန်အသင်းသည် ယခုရာသီ စီးရီးအေပြိုင်ပွဲတွင် အမှတ်ပေးဇယားထိပ်ဆုံးမှ ဦးဆောင်နေပြီး ချန်ပီယံဆုကို ရယူနိုင်ရန် အခြေအနေကောင်းနေသော်လည်း ကာဆာနိုက ယခုကဲ့သို့ ဝေဖန်ခဲ့ခြင်းဖြစ်သည်။
ကာဆာနိုက ” ဒီရာသီ စကူဒက်တိုချန်ပီယံဆုကို အင်တာမီလန်အသင်း ရနိုင်ပါတယ်။ ဒါပေမဲ့ သူတို့ကစားပုံက မကောင်းပါဘူး။ အင်တာမီလန်က ခံစစ်မှာထိုင်ကစားလွန်းပြီး ပြိုင်ဘက်ရဲ့ထိုးဖောက်မှုကိုခံပြီးတော့ လူကာကူကို မှီခိုကစားလွန်းတဲ့ အသင်းဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။