spot_img

လူကာကူသည် ဗဟိုတိုက်စစ်မှူးတစ်ဦးတွင် ရှိရမည့် အရည်အသွေးအားလုံးကိုပိုင်ဆိုင်ထားသူဖြစ်ကြောင်း ရောဘတ်တိုမာတီနက်ဇ် ဆို

ဘယ်လ်ဂျီယံနည်းပြ ရောဘတ်တိုမာတီနက်ဇ်က အသင်းတိုက်စစ်မှူး လူကာကူသည် ဗဟိုတိုက်စစ်မှူးတစ်ဦးတွင် ရှိရမည့် အရည်အသွေးအားလုံးကို ပိုင်ဆိုင်ထားသူဖြစ်ကြောင်း ပြောကြားခဲ့သည်။

အသက် (၂၈)နှစ်အရွယ်ရှိ လူကာကူသည် ပြီးခဲ့သည့်နွေရာသီ အပြောင်းအရွှေ့ကာလတွင် အင်တာမီလန်အသင်းမှ ချယ်လ်ဆီးအသင်းသို့ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် (၉၇.၅)သန်းဖြင့် ပြန်လည်ပြောင်းရွှေ့လာခဲ့သည်။

myan789

သို့သော် လူကာကူအနေဖြင့် ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံနောက်ဆုံး (၅)ပွဲတွင် ဂိုးသွင်းနိုင်ခြင်းမရှိသဖြင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။

ရောဘတ်တိုမာတီနက်ဇ်က ”လူကာကူဟာ တိုက်စစ်မှူးတစ်ဦးအနေနဲ့ အရာအားလုံးကို လုပ်နိုင်သူပါ။ သူက ခွန်အားရှိသလို၊ ပါးနပ်သူလည်းဖြစ်ပါတယ်။ ဗဟိုတိုက်စစ်မှူးတစ်ဦးမှာ ရှိရမယ့် အရည်အသွေးအားလုံးကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ အင်တာမီလန်အသင်းမှာ လူကာကူဟာ ပိုမိုရင့်ကျက်ပြီး ပိုကောင်းတဲ့ ကစားသမားတစ်ဦး ဖြစ်လာခဲ့ပါတယ်”ဟု ပြောကြားခဲ့သည်။

လူကာကူသည် ယခုရာသီတွင် ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ (၉)ပွဲတွင် (၄)ဂိုး သွင်းယူပေးထားသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular