spot_img

လူကာကူရောက်လာသဖြင့် စီးရီးအေပြိုင်ပွဲအဆင့်အတန်းမြင့်မားလာလိမ့်မည်ဟု လာဇီယိုတိုက်စစ်မှူး အီမိုဘီလီ သုံးသပ်

အင်တာမီလန်အသင်းသို့ လူကာကူ ပြန်လည်ရောက်ရှိလာသဖြင့် စီးရီးအေပြိုင်ပွဲ၏ အဆင့်အတန်းမြင့် မားလာလိမ့်မည်ဖြစ်ကြောင်း လာဇီယိုအသင်းတိုက်စစ်မှူး အီမိုဘီလီက သုံးသပ်ခဲ့သည်။

လူကာကူသည် ချယ်လ်ဆီးအသင်းမှ အင်တာမီလန်အသင်းသို့ အငှားစာချုပ်ဖြင့်ပြန်လည်ရောက်ရှိလာခြင်းဖြစ်ပြီး လာမည့်ရက်ပိုင်းအတွင်း ဆေးစစ်ဆေးမှုခံယူဖွယ်ရှိနေကြောင်း သိရသည်။

myan789

အင်တာမီလန် ကစားသမားဘဝပထမအကြိမ်တွင် လူကာကူသည် (၉၅)ပွဲကစားကာ (၆၄)ဂိုးသွင်းယူပေးခဲ့ပြီး အီမိုဘီလီနှင့်အတူ စီးရီးအေဂိုးသွင်းဘုရင်ဆုအတွက် ပြိုင်ဘက်ကောင်းများဖြစ်ခဲ့ကြသည်။

အီမိုဘီလီက “ကျွန်တော်က စံချိန်မှတ်တမ်းတွေအကြောင်း မစဉ်းစားပါဘူး။ ဒါပေမဲ့ ဘယ်တော့မှ အရှုံးမပေးဘဲ ဂိုးတွေသွင်းနိုင်အောင် ကြိုးစားသွားမှာပါ။ အီတလီကို လူကာကူ ပြန်လည်ရောက်ရှိလာလို့ စီးရီးအေ ပြိုင်ပွဲအဆင့်အတန်း ပိုပြီးမြင့်မားလာပါလိမ့်မယ်။ ကျွန်တော်ကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကို အကောင်းဆုံး ဖြစ်အောင် ပြင်ဆင်ထားပါမယ်။ ရာသီသစ်အတွက် ကျွန်တော့်ခေါင်းထဲ ပြင်ဆင်ထားပြီးပါပြီ” ဟု ပြောကြားခဲ့သည်။

လူကာကူက ချယ်လ်ဆီးတွင် ရုန်းကန်ခဲ့ရပြီးနောက် အင်တာမီလန်အသင်းသို့ ပြန်လည်ပြောင်းရွှေ့ခွင့်ရသဖြင့် ဝမ်းသာမျက်ရည်များ ကျဆင်းခဲ့ကြောင်း ပြောထားဖူးသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular