spot_img

လီဗာပူးလ်၊ မန်စီးတီးတို့ကို လိုက်မီရန် များစွာကြိုးစားရဦးမည်ဟု လမ်းပတ် ပြောကြား

ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ်က မိမိတို့အနေဖြင့် ပရီးမီးယားလိဂ်တွင် လီဗာပူးလ်နှင့် မန်စီးတီးတို့ကို လိုက်မီရန် များစွာကြိုးစားဦးမည်ဟု ပြောကြားခဲ့သည်။

ချယ်လ်ဆီးအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ် ပွဲစဉ် (၃၆)ပွဲ ကစားပြီးချိန်တွင် ရမှတ် (၆၃)မှတ်ဖြင့် အဆင့် (၃)နေရာ၌ ရပ်တည်နေသော်လည်း ထိပ်ဆုံးမှ ချန်ပီယံ လီဗာပူးလ်အသင်း (၉၃ မှတ်)နှင့် (၃၀) မှတ်အထိ ကွာနေသလို၊ ဒုတိယနေရာမှ မန်စီးတီးအသင်း (၇၈ မှတ်)နှင့်လည်း (၁၅)မှတ်အထိ ကွာဟနေသည်။

myan789

ချယ်လ်ဆီးအသင်းသည် လာမည့် ၂၀၂၀-၂၁ ရာသီအတွက် ဇီယာ့ရှ်၊ တီမိုဗာနာတို့ကဲ့သို့ ထိပ်တန်းကစားသမားများကို ခေါ်ယူထားသော်လည်း လီဗာပူးလ်နှင့် မန်စီးတီးတို့ကို လိုက်မီရန် များစွာလိုသေးကြောင်း လမ်းပတ်က ပြောကြားခဲ့ခြင်းဖြစ်သည်။

လီဗာပူးလ်နှင့် ကစားမည့်ပွဲအတွက် ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက လီဗာပူးလ်၊ မန်စီးတီးတို့နှင့် ချယ်လ်ဆီးအသင်း ဘယ်လောက်ကွာဟနေသလဲဟု လမ်းပတ်ကို မေးမြန်းခဲ့သည်။

ယင်းမေးခွန်းကို လမ်းပတ်က “တော်တော်လေး ကွာဟပါတယ်။ ဒါကို ကျွန်တော်တို့ လက်ခံရမယ်။ မန်စီးတီးနဲ့ လီဗာပူးလ်က အဆင့်တစ်ခုမှာ ရောက်နေတာပါ။ အထူးသဖြင့် ဒီရာသီမှာ လီဗာပူးလ်အသင်း စွမ်းဆောင်သွားတာက အရမ်းကောင်းပါတယ်။ သူတို့ဟာ ပွဲစဉ်တိုင်းကို ခြေစွမ်းတစ်သမတ်တည်းနဲ့ အကောင်းဆုံးကစားခဲ့တာပါ။ ကျွန်တော်တို့ကတော့ အဲဒီလိုမဟုတ်ပါဘူး။ လီဗာပူးလ်နဲ့ မန်စီးတီးက ကမ္ဘာပေါ်မှာ အကောင်းဆုံးအသင်းတွေလို့တောင် ဆိုနိုင်ပါတယ်။ ဒါကို ပြီးခဲ့တဲ့ရာသီတွေအတွင်း သူတို့ရဲ့ စွမ်းဆောင်မှုတွေက သက်သေပါပဲ။ ကျွန်တော်တို့အနေနဲ့ သူတို့နဲ့ ကွာဟမှုကြီးမားနေတာကို လျှော့ချနိုင်ဖို့ ကြိုးစားရမှာပါ”ဟု ပြောကြားခဲ့သည်။

ချယ်လ်ဆီးအသင်းသည် လာမည့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် လက်စတာ၊ မန်ယူအသင်းတို့နှင့် အပြိုင်ဖြစ်နေပြီး ဇူလိုင်လ (၂၂)ရက်တွင် ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်၌ လီဗာပူးလ်အသင်းကို အနိုင်ရပါက ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာအတွက် သေချာသွားမည်ဖြစ်သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular