spot_img

လီဗာပူးလ်အသင်း၏သမိုင်းတစ်လျှောက် ပြိုင်ပွဲစုံအိမ်ကွင်း(၉)ပွဲဆက် ဂိုးသွင်းယူနိုင်သည့် ပထမဆုံးကစားသမားအဖြစ် ဆာလာ မှတ်တမ်းဝင်ခဲ့ပြီး အန်ဖီးလ်သွင်းဂိုး (၁၀၀)ပြည့်မြောက်

လီဗာပူးလ်အသင်း၏ တိုက်စစ်မှူး ဆာလာသည် အသင်း၏သမိုင်းတစ်လျှောက် ပြိုင်ပွဲစုံအိမ်ကွင်း (၉)ပွဲဆက် ဂိုးသွင်းယူနိုင်သည့် ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

ဆာလာသည် ဘရန့်ဖို့ဒ်နှင့်ပရီးမီးယားလိဂ်ပွဲစဉ်တွင် တစ်လုံးတည်းသောအနိုင်ဂိုးသွင်းယူခဲ့ပြီးနောက် အဆိုပါမှတ်တမ်းကို ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။

myan789

ဆာလာသည် ဖေဖော်ဝါရီလအတွင်း အဲဗာတန်နှင့် ယှဉ်ပြိုင်ခဲ့သည့် ပရီးမီးယားလိဂ်ပွဲတွင် ဂိုးစတင်သွင်းယူကာ ယခုမှတ်တမ်းကို အစပြုခဲ့ခြင်းဖြစ်သည်။

၎င်းသည် ယင်းကာလအတွင်း ယှဉ်ပြိုင်ကစားခဲ့သည့် အဝေးကွင်းပွဲစဉ် (၈)ပွဲ၌ တစ်ဂိုးသာ သွင်းယူနိုင်ခဲ့သော်လည်း အိမ်ကွင်းတွင်မူ (၉)ပွဲဆက်ဂိုးသွင်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ယခု ဘရန့်ဖို့ဒ်နှင့် ပွဲမှသွင်းဂိုးမှာ လီဗာပူးလ်ကစားသမားဘဝတွင် အန်ဖီးလ်ကွင်း၌ ပြိုင်ပွဲစုံသွင်းဂိုး (၁၀၀)ပြည့်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။

ဆာလာသည် လီဗာပူးလ်အသင်းအတွက် စုစုပေါင်း(၁၈၆)ဂိုး သွင်းယူပေးခဲ့ရာတွင် သွင်းဂိုး(၁၀၀)ကို အိမ်ကွင်း၌ သွင်းယူနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular