spot_img

လီဗာပူးလ်နှင့်ကစားမည့်ပွဲတွင် ကာဗာနီမှာ မန်ယူအတွက် အဓိကလက်နက်ဖြစ်လာနိုင်ကြောင်း ဘာဘာတော့ဗ် သုံးသပ်

မန်ယူတိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က လီဗာပူးလ်အသင်းနှင့်ကစားမည့်ပွဲတွင် ၀ါရင့်တိုက်စစ်မှူး ကာဗာနီမှာ မန်ယူအသင်းအတွက် အဓိကလက်နက်ဖြစ်လာနိုင်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။

ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို (၃)မှတ်ဖြတ်ကာ ဦးဆောင်နေသည့် မန်ယူအသင်းသည် လာမည့်တနင်္ဂနွေနေ့တွင် ဒုတိယနေရာမှ လီဗာပူးလ်အသင်းကို အန်ဖီးလ်ကွင်းတွင် သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ယင်းပွဲမှာ နှစ်သင်းစလုံးအတွက် အလွန်အရေးပါသည့်ပွဲစဉ်ဖြစ်သည်။

myan789

ဘာဘာတော့ဗ်က လီဗာပူးလ်အသင်းနှင့်ကစားမည့်ပွဲတွင် ကာဗာနီ၏ အတွေ့အကြုံများက မန်ယူအတွက် အရေးပါလာမည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

၎င်းက “နှစ်သင်းစလုံးက တိုက်စစ်မှာ လျင်မြန်တဲ့ ကစားသမားတွေကို ပိုင်ဆိုင်ထားလို့ ပွဲကောင်းတစ်ပွဲဖြစ်လာမှာပါ။ တကယ်လို့ ကာဗာနီသာ အဲဒီပွဲမှာ ကစားခွင့်ရခဲ့မယ်ဆိုရင် သူ့ရဲ့အတွေ့အကြုံတွေ့က လီဗာပူးလ်နောက်တန်းကို ဒုက္ခပေးပြီး မန်ယူအတွက် အဓိကလက်နက်ဖြစ်လာနိုင်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ပြီးတော့ ပေါ့ဘာအနေနဲ့ လီဗာပူးလ်နဲ့ ကစားမယ့်ပွဲမှာ ဘန်လေကို အနိုင်ရတဲ့ပွဲတုန်းကလို စွမ်းဆောင်နိုင်မယ်ဆိုရင် သူ့အနေနဲ့ လီဗာပူးလ်ကို အခက်တွေ့စေနိုင်ပါလိမ့်မယ်။ အခုအချိန်မှာ မန်ယူအသင်းရဲ့ နောက်တန်းကလည်း တည်ငြိမ်လာလို့ အဆင်ပြေမယ်လို့ ကျွန်တော် ထင်ပါတယ်”ဟု ပြောကြားခဲ့သည်။

ထို့ပြင် ဘာဘာတော့ဗ်က အန်ဖီးလ်ကွင်း၌ လီဗာပူးလ်အသင်းနှင့် ကစားမည့်ပွဲတွင် မန်ယူအသင်းအတွက် အမှတ်ရရန် အလွန်အရေးကြီးကြောင်းလည်း ပြောကြားခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular