spot_img

လီဗာပူးနဲ့ပွဲဟာ အလှည့်အပြောင်း ဖြစ်လာဖို့ မျှော်လင့်ထားတဲ့ အီဗန်

မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ ဂျွန်နီ အီဗန် က အန်ဖီးလ် ကွင်းထဲမှာ သရေ ကျအောင် ကစားနိုင်ခဲ့မှုဟာ အသင်းရဲ့ အနေအထားကို ပြောင်းလဲ ပေးနိုင်ဖို့ မျှော်လင့်ထားပါတယ်လို့ ထုတ်ဖော်ပြောဆို သွားခဲ့ပါတယ် ။ မန်ယူ နိုက်တက် ဟာ တနင်္ဂနွေ ညတုန်းက လီဗာပူး ကို အန်ဖီးလ် ကွင်းမှာ ဂိုးမရှိ သရေ ရလဒ်ထွက်ပေါ်အောင် ကစားသွားခဲ့တာပါ ။

ယူနိုက်တက် ဟာ အန်ဖီးလ် ကွင်းမှာ ရလဒ်တွေ အမြဲ ဆိုးရွားလေ့ ရှိပြီး မနှစ်တုန်းကလည်း ၇-၀ ရလဒ် နဲ့ သမိုင်းတွင်အောင် ရှုံးနိမ့်ထားခဲ့ဖူးပါတယ် ။ အခု ရာသီမှာလည်း ယူနိုက်တက် ဟာ ခြေစွမ်း မတည်ငြိမ်မှုတွေနဲ့ ရုန်းကန် ဖြတ်သန်း နေရပြီး လီဗာပူး ကတော့ အဆင့် ၁ နေရာကို ရယူထားနိုင်တဲ့ အထိ ပုံစံကောင်းတွေ ရရှိထား ပါတယ် ။

myan789

ဒါပေမယ့် အဲရစ် တန်ဟတ် ရဲ့ အသင်းဟာ ခံစစ် ကစားပုံကောင်းကို ပြသခဲ့ပြီး လီဗာပူး ကို အခုရာသီ အန်ဖီးလ် မှာ ပထမဆုံး ဂိုးမသွင်းနိုင်တဲ့ပွဲ ၊ အနိုင်မရတဲ့ပွဲ ကို ဖြစ်လာစေခဲ့ ပါတယ် ။ အီဗန် ကတော့ ဒီရလဒ် အပေါ် ကျေနပ် ခဲ့ပြီး အသင်းကို တွန်းအားဖြစ်စေဖို့ မျှော်လင့်ထားကြောင်း ထုတ်ဖော်ပြောဆို လာခဲ့ပါတယ် ။

“မန်ချက်စတာ ယူနိုက်တက် နဲ့ လီဗာပူးတို့ ဆိုတာ အင်္ဂလန် ရဲ့ အကြီးဆုံးအသင်းတွေပါ ။ သူတို့ ၂ သင်း ကစားတဲ့ ပွဲတိုင်းဟာလည်း ပွဲကြီး ပွဲကောင်းတွေပါပဲ ။ ဒီလိုပွဲမျိုး ၊ ဒီလို ကွင်းမျိုးမှာ ဒီလို ရလဒ် ထွက်ပေါ်ခဲ့တာကို ကျေနပ် မိပါတယ်”

“ဒီပွဲမှာ ကျွန်တော်တို့ ဂိုးဧရိယာထဲမှာ ကောင်းမွန်တဲ့ ခုခံမှုတွေ ပြုလုပ် နိုင်ခဲ့ပါတယ် ။ လွန်ခဲ့တဲ့ ၃-၄ ပတ်လောက် တုန်းက ဒါကို ကောင်းကောင်း မလုပ်နိုင်ခဲ့ ပါဘူး ။ အခုပွဲက စွမ်းဆောင်ရည်ဟာ အသင်းရဲ့ ခံစစ် ကစားပုံ အပေါ် ယုံကြည်မှုတွေ တိုးပွား လာစေနိုင်ဖို့ မျှော်လင့်မိပါတယ်”

“လီဗာပူး ဟာ အိမ်ကွင်းမှာ အရမ်းကောင်းတဲ့ အသင်းပါ ၊ ကစားသမားကောင်းတွေ ရှိနေသလို ဇယားထိပ် မှာလည်း ရပ်တည်နေတဲ့ အသင်းပါ ။ ဘယ်လို ပြိုင်ဘက်မျိုးကို မဆို အန္တရာယ်ပြုနိုင်ပါတယ် ။ အဲ့ဒီကနေ ကျွန်တော်တို့ ၁ မှတ် ရယူနိုင်ခဲ့ပါတယ် ၊ ဂိုးလည်း မပေးခဲ့ရပါဘူး ။ ခံစစ် ကစားပုံနဲ့ ဧရိယာထဲ ခုခံ ကာကွယ်မှုတွေ က တကယ်ကောင်းမွန်ခဲ့တာပါ” လို့ အီဗန် က ပြောဆိုသွားခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ လာမယ့် ခရစ္စမတ် နဲ့ နှစ်သစ်ကူး ကာလတွေမှာ ဝက်စ်ဟမ်း ၊ အက်စတွန် ဗီလာ အသင်းတွေနဲ့ ယှဉ်ပြိုင် ကစားရမှာပဲ ဖြစ်ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular