မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနက်ဖြန်ည 11 ခွဲ အချိန် မှာတော့ FA ဖလား ပြိုင်ပွဲရဲ့ Round 4 ပွဲစဉ် အဖြစ် ခါးသီး ပြိုင်ဖက် လီဗာပူး အသင်းကို အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ ဧည့်ခံ ကစားသွား ရဖို့ ရှိနေ ပါတယ် ။ ဒါဟာ နှစ်ဖက် အသင်း အတွက် တစ်ပါတ် အတွင်း 2 ကြိမ် တွေ့ဆုံခြင်း ဖြစ်ခဲ့ရ ပါတယ် ။
ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ယူနိုက်တက် တို့ဟာ အန်ဖီးလ် ကွင်းထဲမှာ လီဗာပူး အသင်း နဲ့ ရင်ဆိုင် ခဲ့ပြီး 0 – 0 ဆိုတဲ့ သရေ ရလဒ် ရယူ နိုင်ခဲ့ပါသေးတယ် ။ ဒီတစ်ကြိမ် မှာတော့ ဖလားပွဲစဉ် ဖြစ်တဲ့ အတွက် အနိုင် အရှုံး ပြတ်သားဖို့ လိုအပ်တာကြောင့် နှစ်ဖက် အသင်းဟာ အစွမ်းကုန် အားထုတ် ရမှာပဲ ဖြစ်ပါတယ် ။
အဆိုပါ ပွဲစဉ် မတိုင်မီ မှာတော့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှားက ဆုဖလား သုံးလုံး ဆွတ်ခူး ခဲ့တဲ့ 1999 ခုနှစ် တုန်းက ဆီမီး ဖိုင်နယ် အဆင့်မှာ အာဆင်နယ် အသင်းကို ခက်ခက်ခဲခဲ အနိုင်ယူခဲ့ရ သလို လီဗာပူး အသင်းကို Round 4 မှာ အနိုင်ယူ ခဲ့တာ ကလည်း အရေးပါ ခဲ့ကြောင်း ပြန်ပြောင်း ပြောကြား သွားခဲ့လိုက် ပါတယ် ။
” ဟုတ်ပါတယ် ၊ ကျွန်တော်တို့ တွေဟာ အဲ့ဒီ ဘောလုံး ရာသီ ထဲက အချို့ အရာ တွေကို ပြောင်းလွှဲ ယူဆောင် လာနိုင်ပါတယ် ။ အဲ့ဒီ အချိန်တုန်းက တစ်ကယ့်ကို ခက်ခဲတဲ့ အခိုက်အတန့်တွေ ၊ ခြားနားချက် ကျဉ်းမြောင်းမှုတွေ ရှိနေခဲ့တယ် ဆိုတာကို ကျွန်တော်တို့ အားလုံး သိနေ ခဲ့ကြ ပါတယ် ”
” အဲ့ဒီ ရာသီတုန်းက ကျွန်တော်တို့ဟာ ရှုံးနေခဲ့ပေမယ့် လီဗာပူး အသင်းကို ကျော်ဖြတ် နိုင်စွမ်း ရှိကြောင်း သိရှိ နေခဲ့ကြပါတယ် ။ ပြိုင်ပွဲရဲ့ ဆီမီး ဖိုင်နယ် အဆင့် တုန်းကလည်း ပီတာ ရှမိုက်ကယ်က နာကျင် အချိန်ပို မိနစ်မှာ ဒင်းနစ် ဘားကမ့် ရဲ့ ပင်နယ်တီ ကန်ချက်ကို ကာကွယ် ပေးသွား နိုင်ခဲ့ပါ သေးတယ် ”
” အဲ့ဒီ အခိုက်အတန့် တွေက ကျွန်တော် တို့ကို စိတ်ပိုင် ဆိုင်ရာ အားသာချက်တွေ ပေးဆောင် ခဲ့တယ်လို့ ကျွန်တော် ထင်မိ ပါတယ် ။ ပြီးတော့ လီဗာပူး အသင်းကို နိုင်ခဲ့တဲ့ ပွဲစဉ်ရောပေါ့ဗျာ ။ ကျွန်တော်တို့ တွေဟာ ပြိုင်ဖက်ကောင်း အသင်းကို 1 – 0 ဆိုတဲ့ ရလဒ် နဲ့ ရှုံးနိမ့် နေခဲ့တဲ့ အနေအထား တစ်ရပ် ကနေ 1 – 2 ဆိုတဲ့ ရလဒ် နဲ့ အနိုင် ရအောင် ကစားပြ နိုင်ခဲ့ကြ ပါတယ် ” လို့ ဆိုးလ်ရှား က ပြောခဲ့လိုက် ပါတယ် ။
အဆိုပါ ဘောလုံး ရာသီ မှာတော့ ယူနိုက်တက် တို့ဟာ FA ဖလား ပြိုင်ပွဲမှာ အာဆင်နယ် ၊ လီဗာပူး အသင်းတွေ အပါအဝင် ရှုံးထွက် အဆင့်မှာ ချဲလ်ဆီး ၊ မစ်ဒယ်ဘရော့ အသင်းတွေနဲ့ပါ ရင်ဆိုင်ခဲ့ရပါ သေးတယ် ။ ဆိုးလ်ရှား ကတော့ သူတို့ အသင်းဟာ ရှုံးထွက် အဆင့်တွေမှာ အမြဲတမ်းလိုလို ပြိုင်ဖက်ကောင်း တွေနဲ့ပဲ ရင်ဆိုင်ခဲ့ရကြောင်း ငြီးတွား သွားခဲ့လိုက် ပါတယ် ။
” ဘယ်သူမဆို လွယ်ကူတဲ့ ပွဲစဉ်တွေကို ပိုင်ဆိုင် နိုင်ပါတယ် ။ ဒါပေမယ့် ကျွန်တော်ကတော့ မပိုင်ဆိုင်ခဲ့ရ ပါဘူး ။ ကျွန်တော်ဟာ ဘယ်တုန်းကမှ ဒီလို ပြိုင်ပွဲတွေမှာ လွယ်ကူတဲ့ ပွဲစဉ်တွေကိုချည်း မကစားခဲ့ရ ပါဘူး ။ အဲ့ဒီ ကတည်းက ကျွန်တော်ဟာ မဲခွဲ ရလဒ် တွေကို မကြည့်ဖြစ်တော့ ပါဘူး ။ ဘာဖြစ်လို့လဲ ဆိုရင် ပြိုင်ဖက်က ခက်ခဲ နေမှာပဲ မို့လို့လေ ”