spot_img

လီဗာပူးတို့ ဂတ်ပိုကို ခေါ်ယူခဲ့တဲ့အပေါ် မေးခွန်းထုတ်လိုက်တဲ့ ဂျေမီကာရေဂါ

ကိုဒီဂတ်ပိုဟာ လီဗာပူးကစားသမားဘဝ ကာလတိုအတွင်းမှာ သူ့ရဲ့ အရည်အသွေးကောင်း တစ်ချို့ကို ပြသနိုင်ခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ ဒီဇင်ဘာလ နှောင်းပိုင်းက ကလပ်ကို ပြောင်းလာခဲ့ပြီးနောက်ပိုင်း အသင်းသစ်အတွက် ဂိုး‌တော့ မသွင်းနိုင်သေးပါဘူး။ လီဗာပူးဟာ ကမ္ဘာ့ဖလားမှာ နယ်သာလန် အတွက် ခြေစွမ်းပြကစားခဲ့တဲ့ ဂတ်ပိုကို PSV အသင်းထံကနေ ပြောင်းရွေ့ကြေး ပေါင် ၄၅ သန်းနဲ့ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးဟာ နွေရာသီတုန်းကလည်း တိုက်စစ်ပိုင်းအတွက် ဒါဝင်နူးနက်နဲ့ ကာဗယ်ဟို တို့ကို အားဖြည့်ခဲ့ပေမယ့်လည်း လိုအပ်နေတဲ့ ကွင်းလယ်ပိုင်းကို အားဖြည့်မှု မလုပ်ခဲ့ဘဲ အသင်းအတွက် အသုံးမဝင်တဲ့ အာသာကိုသာ အငှားခေါ်ယူခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွေ့တုန်းကလည်း လီဗာပူးဟာ ကွင်းလယ်ပိုင်းကို အားဖြည့်ရန် ထပ်မံပျက်ကွက်ခဲ့ပြီး သိပ်ပြီး မလိုအပ်တဲ့ တိုက်စစ်ပိုင်းကို ဂတ်ပိုနဲ့ အားဖြည့်ခဲ့ပါတယ်။

myan789

ဂျေမီကာရေဂါဟာ လီဗာပူးတို့ ဂတ်ပိုကို ခေါ်ယူခဲ့မှုနဲ့ ပက်သက်ပြီး ဆွေးနွေးမှု လုပ်သွားခဲ့ပြီး လီဗာပူး နောက်ခံလူဟောင်းက ယာဂန်ကလော့ရဲ့ အသင်းဟာ ဒီိရာသီမှာ သူတို့ကို ပြသနာတွေ ကြီးမားနေစေတဲ့ ကွင်းလယ်ပိုင်းကို အားမဖြည့်ဘဲ တိုက်စစ် ကစားသမားတစ်ဦးကိုသာ ခေါ်ယူသွားခဲ့တဲ့ ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်လိုက်ပါတယ်။

ကာရေဂါက “လွန်ခဲ့တဲ့ ၂၀၂၂ နွေရာသီကတည်းက လီဗာပူးဟာ လူးဝစ်ဒီယက် ဒါဝင်နူးနက် ကာဗယ်ဟို ကိုဒီဂတ်ပို တို့လို တိုက်စစ်ကစားသမား ၄ ဦးအတွက် ပေါင်သန်း ၁၈၀ ကျော် အသုံးပြုခဲ့ပါတယ်။ လီဗာပူး ပိုင်ရှင်တွေဟာ ရင်းနှီးမြှပ်နှံရန် မပျက်ကွက်ခဲ့ပါဘူး။ သူတို့ ကွင်းလယ်လူတစ်ဦး ရင်းနှီးမြှပ်နှံရန် ပျက်ကွက်ခဲ့တာပါ။ အခုဆိုရင် သူတို့ ကွင်းလယ်လူတွေ လိုအပ်နေပါတယ်။” လို့ပြောသွားပါတယ်။

ဆက်လက်ပြီး လီဗာပူး ဂန္တဝင်ကစားသမားက ဂတ်ပိုရဲ့ ကစားဟန်ဟာ အရင်တုန်းက ကလော့ ခေါ်နေကြပုံစံနဲ့ ခြားနေနေခဲ့တယ်လို့ ဆိုလိုက်ပါတယ် ။

ကာရေဂါက “ဂတ်ပိုရဲ့ အစောပိုင်း performance တွေကို ကြည့်ပြီး ကျနော် စိတ်ပျက်မိပါတယ်။ ဂတ်ပိုဟာ ကလော့ စိတ်ကြိုက် ကစားသမား ပုံစံမျိုး မဟုတ်ပါဘူး။ သူ့ဆီမှာ တအားလျှင်မြန်တဲ့ ပြေးအားမရှိသလို high press တွေကို ရှေ့ကနေ ဦးဆောင်ပေးနိုင်တဲ့ စွမ်းရည်လည်း မရှိပါဘူး။ ဘာ့ကြောင့်များ လီဗာပူးဟာ ဂျိုတာ နဲ့ ဒီယက် တို့ ပြန်လာတဲ့အချိန်မှာ အရန်ခုံ ပို့ရမယ့် ကစားသမားကို ပေါင် ၄၅ သန်း အသုံးပြုကာ ခေါ်ယူသွားမလဲဆိုဆာ စဉ်းစားမရပါဘူး။ အထူးသဖြင့် အသင်းမှာ အခြား ဧရိယာတစ်ခုက အားဖြည့်ရန် အသဲအသန် လိုအပ်နေတဲ့ အချိန်မှာပေါ့။” လို့ပြောသွားပါတယ်။

လီဗာပူး ပရိတ်သတ်တွေနဲ့ Pundit တော်တော်များများကလည်း လီဗာပူး ကွင်းလယ်ပိုင်းရဲ့ စွမ်းအင် ၊ ကြံ့ခိုင်မှုပိုင်း နဲ့ intensity အားနည်းမှုဟာ ဒီိရာသီ လီဗာပူးတို့ ရုန်းကန်နေရတဲ့ အဓိက အကြောင်းရင်း တစ်ခု ဖြစ်တယ်လို့ ဆိုနေကြပါတယ်။ လီဗာပူး တိုက်စစ်ပိုင်းကလည်း အသင်း ရုန်းကန်နေရတဲ့ အချိန်မှာ အကူအညီ မဖြစ်ခဲ့ဘဲ နူးနက် နဲ့ ဆာလား တို့ဟာ အခွင့်အရေးများစွာ ဖြုန်းတီးပစ်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ဖာမီနို ဂျိုတာ ဒီယက် တို့ဟာ ပြန်လာနိုင်ရန် နီးစပ်နေပြီ ဖြစ်တာကြောင့် ကလော့အတွက် ‌တိုက်စစ်ပိုင်းမှာ ရွေးချယ်စရာ option တွေ များသွားမှာ ဖြစ်ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular