spot_img

လီဗာပူးကစားသမား ၃ ဦးကြားမှာ တင်းမာမှုတွေ ရှိလာလိမ့်မယ်လို့ ဆိုလိုက်ပြီး ဝုဖ်နဲ့ ကစားရမယ့် ပွဲစဉ်ကို ခန့်မှန်းလိုက်တဲ့ ဟားဂရေ့စ်

မန်ချက်စတာယူနိုက်တက် နဲ့ မန်စီးတီး ကွင်းလယ်လူဟောင်း အိုဝင်ဟားဂရေ့စ်က လီဗာပူးရဲ့ တိုက်စစ်မှုး ၃ ဦး ဖြစ်တဲ့ ဆာဒီယိုမာနေး ၊ မိုဟာမက်ဆာလား နဲ့ ဒီယေဂိုဂျိုတာ တို့ရဲ့ ကြားမှာ တင်းမာမှုတွေ ပိုများ လာလိမ့်မယ်လို့ ယုံကြည်နေ ပါတယ်။ ပေါ်တူဂီ လက်ရွေးစင် ဂျိုတာဟာ ပြီးခဲ့တဲ့ နွေရာသီက ဝုဖ်ကနေ လီဗာပူးကို ပေါင် ၄၅ သန်းနဲ့ ပြောင်းရွေ့ လာခဲ့ပြီးနောက် အန်ဖီးမှာ လျှင်မြန်စွာ အထိုင်ကျကာ ခြေစွမ်းပြလျက် ရှိနေပြီး ပြိုင်ပွဲစုံ ၁၅ ပွဲမှာ ၉ ဂိုးထိ သွင်းယူ ထားခဲ့ပြီး ဖြစ်ပါတယ်။

တွဲဖက် တိုက်စစ်မှုးတွေ ဖြစ်ကြတဲ့ ဆာလား နဲ့ မာနေး တို့ကလည်း ဒီရာသီမှာ လီဗာပူး အတွက် အကောင်းဆုံး လုပ်ပေး ထားနိုင်ခဲ့ပြီး လာမည့် တနင်္ဂနွေနေ့ ဝုဖ်နဲ့ ပွဲစဉ် မတိုင်မီ အီဂျစ်စတားက ၈ ဂိုး ၊ ဆီနီဂေါ စတားက ၅ ဂိုး သွင်းယူ ထားခဲ့ပါတယ်။ ဟားဂရေ့စ်က လီဗာပူး တိုက်စစ် ကစားသမား တွေကို ချီးကျူး သွားခဲ့ပေမယ့်လည်း အကယ်၍ ရော်ဘတ်တိုဖာမီနိုသာ ဝင်မကစားဘူး ဆိုရင် ဒီကစားသမား ၃ ဦးကြား တင်းမာမှုတွေ မြင့်တက် လာနိုင်တယ်လို့ ဆိုသွား ပါတယ်။

myan789

အင်္ဂလန် ကွင်းလယ်လူဟောင်းက “ကျွန်တော် ကတော့ ကလော့ အနေနဲ့ ဖာမီနို ကို ချန်လှပ်ထားလို့ မရဘူးလို့ ထင်ပါတယ်။ သူဟာ အသင်း အတွက် တအားကို အရေးပါပါတယ်။ ကျွန်တော် ကတော့ သူဟာ ပရီးမီးယားလိဂ်မှာ တစ်ကိုယ်ကောင်း မဆန်ဆုံး ကစားသမား တစ်ဦးလို့ ထင်ပါတယ်။

ပြီးခဲ့တဲ့ ပွဲစဉ် အနည်းငယ်က ဆာလား မာနေး ဂျိုတာ တို့ တွဲကစား သွားခဲ့တဲ့ ပွဲအချို့ကို ကျွန်တော် ကြည့်ဖြစ် ခဲ့ပါတယ်။ ဂျိုတာဟာ လက်ရှိ သူ ရရှိနေတဲ့ ချီးကျူးမှုတွေနဲ့ ထိုက်တန်တယ် ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် ဆာလား မာနေး နဲ့ ဂျိုတာ တို့ အားလုံးဟာ ဘောလုံး ရတာနဲ့ ဂိုးကန်သွင်းယူမှု ပြုလုပ်ဖို့ပဲ ကြိုးစား ခဲ့ကြပါတယ်။ ကျွန်တော် ကတော့ ဒီကစားသမား ၃ ဦး ကြားမှာ တင်းမာမှု အနည်းငယ် ဖြစ်လာမှာကို စတင် မြင်တွေ့ ရလိမ့်မယ်လို့ ထင်ပါတယ်။

ဖာမီနို ကတော့ ဒီလိုမျိုး မဟုတ်ပါဘူး။ အကယ်လို့များ ဖာမီနို ဝင်မကစား ခဲ့ဘူး ဆိုရင် တိုက်စစ်မှာ တစ်ကိုယ်ကောင်း မဆန်တဲ့ ကစားသမား တစ်ဦးကို လိုအပ်ပါတယ်။ ဒါပေမယ့် ကလော့ အနေနဲ့ ဘယ်လို အသင်းကို ရွေးချယ် သွားမလဲ ဆိုတာ ကျွန်တော် စိတ်ဝင်စားမိ ပါတယ်။ ဘာလို့လဲ ဆိုတော့ ကလော့ဟာ မန်စီးတီး နဲ့ ပွဲမှာ တိုက်စစ် ကစားသမား ၄ ဦး စလုံးကို တစ်ပြိုင်နက် ပွဲထုတ် သွားခဲ့ပြီး တိုက်စစ်ကို ဖွင့်ကစား သွားခဲ့ပါတယ်။ ဒါပေမယ့် လာမည့် ဝုဖ်နဲ့ ပွဲစဉ်မှာ သူဒါမျိုး လုပ်သွားမှာ မဟုတ်ပါဘူး။” လို့ ဆိုခဲ့ပါတယ်။

လီဗာပူးဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၁၀ အပြီးမှာ ဇယားထိပ်မှာ ဦးဆောင်နေတဲ့ တော့တင်ဟမ် နဲ့ အမှတ်တူ ဂိုးကွာခြားချက် အရ ဒုတိယနေရာမှာ ရပ်တည်လျက် ရှိနေပြီး ဒဏ်ရာ ပြသနာတွေ များစွာ ကြုံတွေ့ နေရတဲ့ ကြားထဲကနေ ဒီလို အခြေအနေကို ရယူ ထားနိုင်ခဲ့တာဟာ အတော့်ကို ချီးကျူးစရာ ဖြစ်ပါတယ်။ လီဗာပူးဟာ လာမည့် တနင်္ဂနွေနေ့မှာ အန်ဖီးမှာ ဝုဖ်ကို လက်ခံ ကစား သွားရမှာ ဖြစ်ပြီး ဟားဂရေ့စ်က နူနိုဆန်တိုရဲ့ အသင်းဟာ လူတွေကို အံ့အားသင့်စေ နိုင်တယ်လို့ ဆိုခဲ့ပါတယ်။

ဟားဂရေ့စ်က “ကျွန်တော် ကတော့ ဝုဖ်ဟာ အန္တရာယ် ရှိတဲ့ အသင်း တစ်သင်းလို့ ထင်ပါတယ်။ လီဗာပူးဟာ ဒဏ်ရာ ပြသနာတွေ များစွာ ကြုံတွေ့ ထားရတာကြောင့် အနည်းငယ် အားနည်းချက် ရှိနေတဲ့ ပုံစံ ပါပဲ။ ကျွန်တော် ကတော့ ဝုဖ်ဟာ ဒီပွဲစဉ်မှာ မထင်မှတ်တာတွေ လုပ်ပြပြီး လူတွေကို အံ့အားသင့်မှုတွေ ပေးနိုင် လိမ့်မယ်လို့ ထင်ပါတယ်။” လို့ ခန့်မှန်းလိုက် ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular