spot_img

လီဗာပူး အဆင့် ၄ အတွင်းမဝင်ခြင်းအတွက် အကြောင်းပြချက်ပေးစရာ မရှိကြောင်း ဆာလာပြော

လီဗာပူးအသင်းသည် လက်ရှိဘောလုံးရာသီတွင် အဆင့် ၄ အတွင်းမဝင်ရန် သေချာသွားပြီဖြစ်ပြီး လာမည့်ဘောလုံးရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ကို လက်လွှတ်လိုက်ရပြီဖြစ်သည်။ တိုက်စစ်မှူး ဆာလာက ထိုကိစ္စနှင့်ပတ်သက်၍ မည်သို့မျှ အကြောင်းပြချက်ပေးရန် မရှိတော့ပါကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

မန်ယူက ချဲလ်ဆီးကို ၄-၁ ဖြင့်အနိုင်ရပြီးနောက် ပရီးမီးယားလိဂ်ထိပ်ဆုံးလေးသင်းနေရာကို မန်စီးတီး အာဆင်နယ် မန်ယူနှင့် နယူးကာဆယ်တို့က ရယူရန်သေချာသွားခဲ့ပြီး အဆင့် ၅ နေရာမှ လီဗာပူးသည် လာမည့်နှစ်တွင် ဥရောပ၏ ဒုတိယအဆင့်ပြိုင်ပွဲဖြစ်သော ယူရိုပါလိဂ်တွင်သာ ကစားရရန် ဖြစ်လာခဲ့သည်။

myan789

“တကယ့်ကို စိတ်ပျက်စရာပါ။ ဘာမှကို အကြောင်းပြစရာ မရှိပါဘူး။ လီဗာပူးဆိုတာ လာမယ့်နှစ် ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့လောက်တော့ အဘက်ဘက်က ပြည့်စုံတဲ့အသင်းဖြစ်ရဲ့သားနဲ့ ဝင်ခွင့်မရ ဖြစ်ခဲ့ရတာပါ။ အဆင့် ၄ အတွင်းဝင်တယ်ဆိုတာက လီဗာပူးအတွက် အနိမ့်ဆုံးရည်မှန်းချက်လောက် ဖြစ်သင့်တာပါ”ဟု ဆာလာက ထုတ်ဖော်ပြောဆိုလိုက်သည်။

လီဗာပူးနှင့်အတူ ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ သုံးကြိမ်ရောက်ရှိဖူးသော ကလော့ပ်က “လီဗာပူးက ပုံမှန်ထက် ခြေစွမ်းနိမ့်ကျတဲ့ အချိန်ကာလတစ်ခုက တော်တော်ကြာသွားပါတယ်။ လီဗာပူးက ချန်ပီယံလိဂ်ဝင်ခွင့်ကို စိတ်တောင်မကူးနိုင်အောင် ခြေပျက်နေတာ အချိန်ကြာသွားတယ်။ ယူရိုပါလိဂ်ကို ဝင်ပြိုင်ပြီး ဘာတွေဖန်တီးနိုင်မလဲ စောင့်ကြည့်ရမယ်”ဟု ပြောဆိုလိုက်သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular