spot_img

လီဗာပူး နဲ့ပွဲက အနီကတ် ကိစ္စနဲ့ ပတ်သက်ပြီး လက်မှတ်ရေးထိုး တောင်းဆိုသွားမယ့် ချဲလ်ဆီး ပရိသတ်များ

ချဲလ်ဆီး ပရိသတ်တွေ အတွက်တော့ မနေ့ ညက အန်ဖီးလ် ကွင်းမှာ ကစား ခဲ့တဲ့ ပွဲရလဒ် အပေါ် အပြည့်အ၀ ကျေနပ်မှု မဖြစ်စေခဲ့ ပါဘူး ။ ချဲလ်ဆီး ဟာ ကိုင်ဟာဗက် ရဲ့ ဂိုးနဲ့ အိမ်ရှင် အသင်းကို ဦးဆောင် ထားနိုင်ခဲ့ ပေမယ့် ပထမပိုင်း ရဲ့ နောက်ဆုံး မိနစ် မှာတော့ အလှည့်အပြောင်း ဖြစ်ခဲ့ပြီး ချေပဂိုး ပြန်လည် ပေးအပ် ခဲ့ရ ပါတယ် ။

ချဲလ်ဆီး ဂိုးဧရိယာထဲ က ဘောလုံးကို ဆာဒီယို မာနေး က ခြေထောက်နဲ့ ထိုးကာ သွင်းယူ ခဲ့ပြီး အဆိုပါ ဘောလုံးဟာ ဂိုးစည်းပေါ်မှာ ရှိနေတဲ့ ရစ်ဆီ ဂျိမ်းစ် ရဲ့ ပေါင် ၊ လက် တို့ကို ထိပြီး ပြန်ထွက် သွားခဲ့ ပါတယ် ။ ကွင်းလယ်ဒိုင် အန်တိုနီ တိုင်လာ ဟာ အဆိုပါ ဖြစ်ရပ်ကို VAR ကနေ ကြည့်ရှု အပြီးမှာတော့ ဂျိမ်းစ် ကို အနီကတ်ပြ ထုတ်ပယ် ခဲ့သလို လီဗာပူး ကိုလည်း ပင်နယ်တီ ပေးခဲ့ ပါတယ် ။

myan789

အဆိုပါ ပင်နယ်တီကို မိုဟာမက် ဆာလာ က ကန်သွင်းပြီး ချေပ ခဲ့သလို ဒုတိယပိုင်း တလျောက်လုံး မှာလည်း တယောက် အသာနဲ့ ချဲလ်ဆီးကို ဖိကစား သွားနိုင်ခဲ့ ပါတယ် ။ ချဲလ်ဆီး ကတော့ လူတယောက်လျော့ အနေအထား နဲ့ လီဗာပူး ကို ကောင်းစွာ တုန့်ပြန် နိုင်ခဲ့ပြီး အဝေးကွင်းမှာ သရေ တမှတ်ကို ထိုက်တန်စွာ ရယူ သွားနိုင်ခဲ့ ပါတယ် ။

ဒါပေမယ့် ချဲလ်ဆီး ကစားသမားတွေ နဲ့ နည်းပြ တို့ဟာ ကွင်းလယ်ဒိုင် ရဲ့ အနီကတ် ဆုံးဖြတ်ချက် အပေါ် မကျေနပ် ခဲ့ကြပါဘူး ။ နည်းပြ တူချယ် ကိုယ်တိုင် ဒိုင်လူကြီး တိုင်လာ ဟာ VAR မော်နီတာ ကို ခဏသာ ကြည့်ပြီး အနီကတ် ပြဖို့ ဆုံးဖြတ်ချက် ချခဲ့မှု အပေါ် မြန်ဆန်တဲ့ လုပ်ရပ်လို့ ပွဲအပြီး အင်တာဗျူးမှာ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

ချဲလ်ဆီး ပရိသတ်တွေ ကလည်း ဆိုရှယ် မီဒီယာတွေ ပေါ်မှာ ဒိုင်လူကြီး အန်တိုနီ တိုင်လာ ကို ဝေဖန် ပြောဆို ခဲ့ကြပြီး ချဲလ်ဆီး အသင်း ကစားမယ့် ဘယ်ပွဲကို မှ တာဝန်ယူ ကိုင်တွယ်ခြင်း မပြုဖို့ စတင် တောင်းဆို ခဲ့ကြတယ်လို့ သိရ ပါတယ် ။ အခု နောက်ဆုံး ကြားသိရတဲ့ သတင်း မှာတော့ ဒီလို လက်မှတ်ရေးထိုး တောင်းဆိုမှု ဟာ အရေအတွက် ၄ သောင်းကျော် သွားခဲ့ပြီလို့ သိရ ပါတယ် ။

မှတ်ဉာဏ်ကောင်းလှတဲ့ ချဲလ်ဆီး ပရိသတ်တွေဟာ အန်တိုနီ တိုင်လာ နဲ့ သူတို့ချစ်တဲ့ ကလပ် အသင်းတို့ အကြားက မညီမျှ တဲ့ ဆက်ဆံမှုတွေကိုလည်း ဆိုရှယ်မီဒီယာ ထက်မှာ ပြန်လည် ထုတ်ဖော် ခဲ့ကြပါတယ် ။ ၂၀၁၇ FA Cup ဗိုလ်လုပွဲမှာ အာဆင်နယ် တိုက်စစ်မှူး အလက်ဆစ် ဆန်းချက် လက်ထိမှုကို ပြစ်ဒဏ် မပေးခဲ့တာ ၊ စပါး နဲ့ ပွဲမှာ ဒယ်လီ အလီ ချခံရတဲ့ ကိုဗာဆစ် ကို အဝါကတ် ပြခဲ့တာတွေ ပါတယ်ခဲ့တယ်လို့ သိရ ပါတယ် ။

ယမန်နေ့ ညကလည်း တိုင်လာ ဟာ အနီကတ် အတွက် စောဒက တက်ခဲ့တဲ့ ချဲလ်ဆီး ကစားသမား ၂ ဦး ကို အဝါကတ် ပြသပြီး သတိပေး ခဲ့ပါတယ် ။ လီဗာပူး နဲ့ ချဲလ်ဆီး အသင်းသားတွေဟာ မိုဆာလာ ရဲ့ ပင်နယ်တီ ဝင်အပြီး မှာလည်း ဂိုးသမား မန်ဒီ နဲ့ ဂျော်ဒန် ဟန်ဒါဆင် တို့ ငြိကြရာကနေ အနည်းငယ် အချင်းများခဲ့ ကြပြီး ရန်ပွဲ ဖြစ်ပွားမယ့် အသွင်ကို ဆောင်ခဲ့ကြပါတယ် ။

ဒီပွဲ ရလဒ် ဟာ ချဲလ်ဆီး ကိုရော လီဗာပူး ကိုပါ ရာနှုန်းပြည့် နိုင်ပွဲ ရပ်တန့်သွား စေခဲ့ပြီး ရမှတ် ၇ မှတ်စီ နဲ့ အမှတ်ပေး ဇယားရဲ့ အဆင့် ၂ နဲ့ ၃ နေရာတွေမှာ အသီးသီး ရပ်တည်နေခဲ့ ကြပါတယ် ။ အကယ်၍ ဒီညမှာ ကစားမယ့် ပွဲမှာသာ တော့တင်ဟမ် ဟော့စပါး အနိုင်ရရှိ သွားခဲ့ပါက စပါး ဟာ လက်ရှိချိန်ထိ ၁၀၀% နိုင်ပွဲ ရယူနိုင်တဲ့ တသင်းတည်းသော အသင်း အဖြစ် နဲ့ အဆင့် ၁ နေရာကို ရယူသွား မှာပဲ ဖြစ်ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular