spot_img

လီဗာပူး ချန်ပီယံလိဂ်ဖလားရနိုင်ချေနဲ့ပတ်သက်ပြီး မှတ်ချက်ပြုလာတဲ့ အလွန်ဆို

ယနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ လီဗာပူးကို ၄-၀ နဲ့ဂိုးပြတ်အရေးနိမ့်ခဲ့ပြီးနောက် လေဗာကူဆင်နည်းပြ ဇာဘီအလွန်ဆိုက အန်းစလော့လက်အောက်မှာ အတောက်ပဆုံးစွမ်းဆောင်ရည်တွေပြသထားနိုင်တဲ့ လီဗာပူးရဲ့ ချန်ပီယံလိဂ်ရနိုင်ချေအခွင့်အရေးနဲ့ပတ်သက်ပြီး မှတ်ချက်ပေးလာခဲ့ပါတယ်။

ယခုပွဲစဉ်မှာ လီဗာပူးဟာ လူးဝစ်ဒီယက်ဇ်ရဲ့ ဟက်ထရစ်အပါအဝင် ဒုတိယပိုင်းသွင်းဂိုးတွေနဲ့ လေဗာကူဆင်ကို အနိုင်ရခဲ့တာဖြစ်ပြီး ကိုဒီဂတ်ပိုကလည်း ချန်ပီယံလိဂ်မှာ ဂိုးပေါက်ပြန်လည်ရှာတွေ့ခဲ့ပါတယ်။ ယခုနိုင်ပွဲကြောင့် လီဗာပူးဟာ လက်ရှိကစားထားတဲ့ချန်ပီယံလိဂ်ပွဲစဉ် ၄ ပွဲမှာ ရမှတ် ၁၂ မှတ်အထိရရှိထားပြီး အမှတ်ပေးဇယားကို ထိပ်ဆုံးကနေ ဦးဆောင်ထားနိုင်ပါတယ်။

myan789

ဒါ့အပြင် အန်းစလော့ရဲ့အသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကိုလည်း ထိပ်ဆုံးကနေဦးဆောင်ထားပြီး ဒုတိယနေရာက မန်စီးတီးကို ၂ မှတ်ဖြတ်ထားနိုင်ပါတယ်။ လက်ရှိအချိန် လီဗာပူးရဲ့အခြေအနေကို အကဲဖြတ်ဖို့တောင်းဆိုခဲ့ရာ အလွန်ဆိုက “လီဗာပူးက အဖက်ဖက်ကနေပြည့်စုံနေတဲ့အသင်းတစ်သင်းပါ။ ခံစစ်မှာကောင်းကောင်းကာကွယ်နိုင်ပြီး၊ တိုက်စစ်ကဂိုးသွင်းနိုင်သလို အဆုံးသတ်ပိုင်းမှာလည်း အတော်လေးကျွမ်းကျင်ပါတယ်။ ဒါကြောင့် သူတို့က ဂိုးတွေသွင်းနိုင်ဖို့ အခွင့်အရေးတွေအများကြီးမလိုပါဘူး။ ချန်ပီယံလိဂ်မှာဒီလိုစွမ်းဆောင်ရည်မျိုးရှိဖို့ အရမ်းအရေးကြီးပါတယ်။ အထူးသဖြင့် ရှုံးထွက်အဆင့်တွေမှာပေါ့”

“သူတို့က အရမ်းကောင်းတဲ့အသင်းတစ်သင်းဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့ ဆုဖလားအကြောင်းပြောဖို့ အရမ်းစောပါသေးတယ်။ ဒါပေမယ့် လီဗာပူးက ခံစစ်ရောတိုက်စစ်ပါ ဟန်ချက်ညီတဲ့အသင်းဖြစ်ပြီး နည်းပြကလည်း အလုပ်ကြိုးစားထားတာမြင်တွေ့ရပါတယ်။ အခုက နိုဝင်ဘာလပဲရှိသေးလို့ ဘာတွေဆက်ဖြစ်လာမလဲမသိနိုင်သေးပါဘူး” လို့ပြောကြားခဲ့ပါတယ်။

Liverpool have been at their best under Ansall.

အန်းစလော့ကလည်း “ပြီးခဲ့တဲ့စနေနေ့က ဘရိုက်တန်နဲ့ပွဲမှာ ကျွန်တော်တို့ ၀-၁ နဲ့ဦးဆောင်ခံခဲ့ရပြီးမှ နောက်ကနေလိုက်ကစားခဲ့ရလို့ ခက်ခဲတဲ့ပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပါတယ်။ တကယ်ကို ခက်ခက်ခဲခဲကစားခဲ့ရပြီး ဒီနေ့မှာလည်း အတူတူပါပဲ။ ဒါပေမယ့် အန်ဖီးလ်က လေဗာကူဆင်လိုအသင်းကောင်းတွေကို ခုခံကစားဖို့ အကောင်းဆုံးကွင်းဖြစ်နေလို့ ကျွန်တော်တို့ ဒါကိုအသုံးချနိုင်ခဲ့ပါတယ်”

“အသင်းတိုင်းကလည်း ကျွန်တော်တို့ကို သူတို့ရဲ့အမြင့်ဆုံးစွမ်းဆောင်ရည်တွေထုတ်ပြီး ကစားကြမှာဖြစ်လို့ ဘယ်ပွဲကမှ လွယ်ကူနေမှာမဟုတ်ပါဘူး။ ခြေစွမ်းကို တသမတ်တည်းထိန်းသိမ်းသွားဖို့လိုပါတယ်။ ဒီလိုခြေစွမ်းမျိုးကို အမြဲတမ်းထိန်းသိမ်းနိုင်ဖို့က မလွယ်ပေမယ့် အနိုင်ရဖို့အတွက်တော့ အတတ်နိုင်ဆုံးကြိုးစားသွားရမှာပါပဲ” လို့ပြောကြားခဲ့ပါတယ်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular