spot_img

လိုင်ယွန်နှင့်ပွဲတွင် အစွမ်းပြရန် ကစားသမားများကို ဂွါဒီယိုလာ စိန်ခေါ်

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက လိုင်ယွန်အသင်းနှင့်ကစားမည့်ပွဲတွင် အစွမ်းပြရန် အသင်းကစားသမားများကို စိန်ခေါ်ခဲ့သည်။

မန်စီးတီးအသင်းသည် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ယနေ့ည(မြန်မာစံတော်ချိန် သြဂုတ်လ ၁၆ ရက်၊ နံနက် ၁း၃၀ နာရီ)တွင် လိုင်ယွန်အသင်းနှင့် ကစားရမည်ဖြစ်သည်။

myan789

မန်စီးတီးအသင်းသည် ၂၀၁၈-၁၉ ရာသီတွင် လိုင်ယွန်အသင်းနှင့် ချန်ပီယံလိဂ်အုပ်စုအဆင့်၌ တွေ့ဆုံဖူးပြီး အိမ်ကွင်းတွင် (၁-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ကာ အဝေးကွင်းတွင် (၂-၂)ဂိုးဖြင့် သရေကျခဲ့သည်။

ထို့ကြောင့် ဂွါဒီယိုလာက လိုင်ယွန်အသင်းနှင့်ကစားမည့်ပွဲမှာ ခက်ခဲမည်ဖြစ်ပြီး အသင်းကစားသမားများကို အစွမ်းပြရန် ပြောဆိုခဲ့ခြင်းဖြစ်သည်။

“လိုင်ယွန်က စုစည်းမှုအားကောင်းတဲ့ အသင်းတစ်သင်းဖြစ်လို့ ခက်ခဲမှာ သေချာပါတယ်။ ကျွန်တော်တို့အနေနဲ့ လိုင်ယွန်အသင်းရဲ့ အားနည်းချက်တွေကို ရှာဖွေပြီး ထိုးနှက်နိုင်ဖို့ လိုပါတယ်။ ကျွန်တော်ကတော့ အသင်းကစားသမားတွေအနေနဲ့ သူတို့က ဘယ်လိုဆိုတာကို ပြသတာမျိုး မြင်ချင်ပါတယ်။ လိုင်ယွန်နဲ့ပွဲမှာ သူတို့ စိတ်ဓာတ်အပြည့်နဲ့ ကြိုးစားတာမျိုးကို ကျွန်တော် လိုချင်ပါတယ်။ အဲဒီလို ကြိုးစားမယ်ဆိုရင် ကျွန်တော်တို့နဲ့ ထိုက်တန်တာကို ရမှာပါ။ ဒါက ရှင်းရှင်းလေးပါပဲ”ဟု ဂွါဒီယိုလာက ပြောကြားခဲ့သည်။

ထို့ပြင် ဂွါဒီယိုလာက တစ်ကျော့တည်း ယှဉ်ပြိုင်ရသည့်အတွက် အမှားကျူးလွန်၍ မရကြောင်းနှင့် ယခုပြိုင်ပွဲတွင် အနိုင်ရရန် ရေပန်းစားသည့်အသင်း မရှိကြောင်းလည်း ပြောကြားခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular