spot_img

လိုက်ပ်ဇစ်နှင့်ပွဲမှာ မိမိတို့အတွက် အလွန်ခက်ခဲခဲ့ပြီး ယင်းပွဲမှ သင်ခန်းစာယူကြရန် အသင်းကစားသမားများကို မန်စီးတီးနည်းပြ ဂွါဒီယိုလာ တိုက်တွန်း

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက လိုက်ပ်ဇစ်အသင်းကို နောက်မှလိုက်ကစားပြီး အနိုင်ရခဲ့သော်လည်း ယင်းပွဲမှာ မိမိတို့အသင်းအတွက် အလွန်ခက်ခဲခဲ့ပြီး သင်ခန်းစာယူကြရန် အသင်းကစားသမားများကို တိုက်တွန်းပြောကြားခဲ့သည်။

နိုဝင်ဘာ (၂၈) ရက်က ကစားခဲ့သည့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ် (၅)တွင် မန်စီးတီးအသင်းသည် ဂျာမန်ကလပ် လိုက်ပ်ဇစ်အသင်းကို အိမ်ကွင်းတွင် လက်ခံကစားခဲ့သော်လည်း ပထမပိုင်းအပြီးတွင် (ဝ-၂) ဂိုးဖြင့် ရှုံးနိမ့်နေခဲ့သည်။

myan789

သို့သော် မန်စီးတီးအသင်းသည် ဒုတိယပိုင်းတွင် ဟာလန်း၊ ဖိုဒန်၊ အယ်လ်ဗာရက်ဇ်တို့၏ သွင်းဂိုးများကြောင့် လိုက်ပ်ဇစ်အသင်းကို  ပွဲအပြီးတွင် (၃-၂) ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ယင်းပွဲအပြီးတွင် မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပွဲအတွင်း အကောင်းဆုံးနှင့် အဆိုးရွားဆုံးအခိုက်အတန့်များစွာ ရှိခဲ့ပြီး မိမိတို့အနေဖြင့် ယင်းပွဲမှ သင်ခန်းစာယူရမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဂွါဒီယိုလာက “နောက်တစ်ဆင့် တက်ရောက်တဲ့အကြောင်းကို ပြောမယ်ဆိုရင်တော့ ဒီညက ကျွန်တော်တို့အတွက် ကြီးကျယ်ခမ်းနားတဲ့ညတစ်ညပါ။ (၁၅) မှတ်ရနိုင်တဲ့ အနေအထားမှာ (၁၅) မှတ်လုံး ကျွန်တော်တို့ ရခဲ့တယ်။ ဒါက ပြီးပြည့်စုံပါတယ်။ ဒါပေမဲ့ ပွဲအကြောင်းကို ပြောမယ်ဆိုရင်တော့ ကျွန်တော်တို့ လွယ်ကူတဲ့ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အခုထက် ပိုကောင်းခဲ့သင့်ပါတယ်။ ဘောလုံးမှာ ကစားသမားတစ်ဦးချင်း ရင်ဆိုင်တဲ့အခါ အနိုင်ရဖို့ လိုပါတယ်။ ဒီပွဲက ချယ်လ်ဆီးနဲ့ပွဲနဲ့ ဆင်တူပါတယ်။ တစ်ဦးချင်း ရင်ဆိုင်မှုတွေမှာ ကျွန်တော်တို့ အရင်က အရမ်းကောင်းခဲ့ပေမဲ့ အခုတော့ အဲဒီလို မဟုတ်တော့ဘူး။ ဒီပွဲကနေ သင်ခန်းစာ ယူသင့်ပါတယ်” ဟု ပြောကြားခဲ့သည်။

သို့သော် ဂွါဒီယိုလာက လိုက်ပ်ဇစ်အား (ဝ-၂)ဂိုးဖြင့် ရှုံးနိမ့်သည့်အနေအထားမှ ပြန်အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့သည့် အသင်း၏တိုက်ပွဲဝင်စိတ်ဓာတ်ကို ချီးကျူးပြောကြားခဲ့သည်။

“လိုက်ပ်ဇစ်ကို ရှုံးနေတဲ့အချိန်မှာ ကျွန်တော်တို့ရဲ့ တုံ့ပြန်မှုက အရမ်းကောင်းပါတယ်။ အသင်းရဲ့ တိုက်ပွဲဝင်ပုံနဲ့ စိတ်ဓာတ်ပိုင်းကို ကျွန်တော် အရမ်းကျေနပ်ပါတယ်။ ဒိုကူက ကျွန်တော်တို့ရဲ့ Rhythm ကို ပြောင်းလဲစေတာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular