spot_img

လာလီဂါဥက္ကဋ္ဌအဖြစ် ဟာဗီယာတီဘက်စ် ပြန်လည်ရွေးချယ်ခံရမည်ဟု စပိန်မီဒီယာများ ဖော်ပြ

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက လာလီဂါအဖွဲ့ချုပ်၏ ဥက္ကဋ္ဌရာထူးမှ နုတ်ထွက်ခဲ့သော ဟာဗီယာတီဘက်စ်သည် ယခုအခါ ဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးချယ်ခံရတော့မည်ဖြစ်ကြောင်း စပိန်မီဒီယာများက ဖော်ပြခဲ့သည်။ 

တီဘက်စ်သည် လာလီဂါအဖွဲ့ချုပ်ဥက္ကဋ္ဌရွေးကောက်ပွဲတွင် ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ဥက္ကဋ္ဌရာထူးမှ နုတ်ထွက်ခဲ့ခြင်းဖြစ်ပြီး ၎င်းနှင့် ယှဉ်ပြိုင်ရွေးချယ်ခံမည့်ပြိုင်ဘက် မရှိသောကြောင့် ဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးချယ်ခံရရန် သေချာသွားခြင်းဖြစ် ကြောင်း သိရသည်။ 

myan789

ထို့ကြောင့် တီဘက်စ်သည် လာလီဂါအဖွဲ့ချုပ်ဥက္ကဋ္ဌအဖြစ် နောက်ထပ်(၄)နှစ် ဆောင်ရွက်ခွင့်ရရှိမည်ဖြစ်ပြီး ဒီဇင်ဘာ(၁၄)တွင် တရားဝင်အတည်ပြုကြေညာမည်ဖြစ်ကြောင်း သိရသည်။

ဟာဗီယာတီဘက်စ်သည် လာလီဂါအဖွဲ့ချုပ်၏ ဥက္ကဋ္ဌရာထူးကို ၁၀ နှစ်တိတိ တာဝန်ယူထမ်းဆောင်ခဲ့သူဖြစ်သည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular