spot_img

လာမည့်ရာသီတွင် ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်လိုပါက မန်ယူအသင်းအနေဖြင့် တစ်ရာသီလျှင် ဂိုး ၂၀ သို့မဟုတ် ၂၅ ဂိုး သွင်းနိုင်သည့် ထိပ်တန်းတိုက်စစ်မှူးတစ်ဦး ခေါ်ယူရန် လိုအပ်ကြောင်း ဖာဒီနန် ပြောကြား

ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေသည့် မန်ယူနောက်ခံကစားသမားဟောင်း ရီယိုဖာဒီနန်က အသင်းဟောင်းအနေဖြင့် လာမည့် ၂၀၂၃-၂၄ ရာသီတွင် ပရီးမီးယား လိဂ်ချန်ပီယံဆုကို စိန်ခေါ်လိုပါက တစ်ရာသီလျှင် ဂိုး ၂၀ မှ ၂၅ ဂိုးအထိ သွင်းနိုင်သည့် ထိပ်တန်းတိုက်စစ်မှူးတစ်ဦး ခေါ်ယူရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။ 

မန်ယူအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ် ၃၁ ပွဲကစားပြီးချိန်တွင် ရမှတ် ၆၀ မှတ်ဖြင့် အဆင့်လေးနေရာ၌ ရပ်တည်နေပြီး အဆင့်တစ်မှ (၃၃ ပွဲကစားထားသည့်) အာဆင်နယ် အသင်း(၇၅ မှတ်)နှင့် ၁၅ မှတ်၊ အဆင့်နှစ်မှ မန်စီးတီးအသင်း(၃၁ ပွဲကစား၊ ၇၃ မှတ်)နှင့် ၁၃ မှတ်အထိ ကွာဟနေသည်။ ထို့ကြောင့် ဖာဒီနန်က မန်ယူအသင်းအနေဖြင့် မန်စီးတီး၊ အာဆင်နယ်တို့နှင့်အပြိုင် လာမည့်ရာသီတွင် ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်လိုပါက ထိပ်တန်းတိုက်စစ်မှူးတစ်ဦး ခေါ်ယူရန်လိုအပ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

myan789

ဖာဒီနန်က “တကယ်လို့ လာမယ့်နွေရာသီ အပြောင်းအရွှေ့စျေးကွက်မှာ မန်ယူ အသင်းအနေနဲ့ မှန်ကန်တဲ့လုပ်ရပ်တွေကို လုပ်နိုင်ခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ အနီးဆုံးအနေအထားကို ရောက်လာပါလိမ့်မယ်။ သူတို့ ပရီးမီးယားလိဂ်ချန်ပီယံဖြစ် လိမ့်မယ်လို့ ကျွန်တော် ပြောတာမဟုတ်ပါဘူး။ ဒါပေမဲ့ မန်ယူအသင်းဟာ နွေရာသီမှာ မှန်ကန်တဲ့လုပ်ရပ်တွေကိုသာ လုပ်နိုင်ခဲ့မယ်ဆိုရင် သူတို့အနေနဲ့ ပရီးမီးယားလိဂ်မှာ အခုရပ်တည်နေတဲ့အဆင့်ထက် ပိုမိုကောင်းမွန်တဲ့အဆင့်မှာ ရပ်တည်နိုင်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ မန်ယူအသင်းအနေနဲ့ လာမယ့်နွေမှာ ဂိုး ၂၀၊ ၂၅ ဂိုးလောက်သွင်းနိုင်တဲ့ တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူနိုင်မယ်ဆိုရင် အသင်းရဲ့အနေအထားဟာ အများကြီး ပြောင်းလဲသွားပါလိမ့်မယ်။ ဒါက သေချာပါတယ်”ဟု ပြောကြားခဲ့သည်။ 

မန်ယူအသင်းသည် ၂၀၂၂ နိုဝင်ဘာတွင် နာမည်ကျော် ပေါ်တူဂီဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုနှင့် လမ်းခွဲပြီးနောက် ထိပ်တန်းတိုက်စစ်မှူးတစ်ဦး ခေါ်ယူရန် စီစဉ်နေခဲ့ခြင်းဖြစ်သည်။ မန်ယူအသင်းသည် လာမည့်နွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် ထိပ်တန်းတိုက်စစ်မှူးတစ်ဦး ခေါ်ယူသွားရန် စီစဉ်နေပြီး စပါးတိုက်စစ်မှူး ဟာရီကိန်းကိုခေါ်ယူရန် အဓိကပစ်မှတ်ထားနေကာ နာပိုလီတိုက်စစ်မှူး အိုဆင်မန်၊ ဖရန့်ဖတ်တိုက်စစ်မှူး မူအာနီတို့ကိုလည်း စောင့်ကြည့်လျက်ရှိနေကြောင်း သိရှိရသည်။ အသက် ၂၉ နှစ်အရွယ် ရှိ အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းသည် စပါးအသင်းနှင့် ၂၀၂၄ ခုနှစ်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး လာမည့်နွေတွင် အသင်းပြောင်းရွှေ့မည်ဟု သတင်းထွက်နေသူဖြစ်သည်။ 

ထို့ကြောင့် မန်ယူအသင်းသည် ဟာရီကိန်းအား ခေါ်ယူရန် အဓိကပစ်မှတ်ထားနေသလို ဖာဒီနန်ကလည်း ၎င်းကိုခေါ်ယူရန် မန်ယူအသင်းကို တိုက်တွန်းပြောကြားခဲ့သည်။ ဖာဒီနန်က “ကျွန်တော်ကတော့ လာမယ့်နွေမှာ မန်ယူအသင်းအနေနဲ့ ဟာရီကိန်းကို ခေါ်ယူစေချင်ပါတယ်။ အခြေအနေဆိုးနေတဲ့ စပါးအသင်းက ဟာရီကိန်းကို ခေါ်ယူဖို့ မန်ယူအသင်း ကြိုးစားသင့်ပါတယ်”ဟု ပြောကြားခဲ့သည်။ 

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular