မန်ယူနိုက်တက် ဂန္တ၀င် ဂယ်ရီနဗီးက လီဗာပူးဟာ လာမည့်ရာသီ ပရီးမီးယားလိဂ် အမှတ်ပေးဖလား အတွက် မန်ချက်စတာစီးတီးရဲ့ အကြီးမားဆုံး ပြိုင်ဘက် ဖြစ်လာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။ ဂွာဒီယိုလာရဲ့ အသင်းဟာ အာဆင်နယ်တို့ နော့တင်ဟမ်ဖောရက်စ်ကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ၃ နှစ်ဆက်တိုက် ဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။
ဒါ့ကြောင့် စီးတီးဟာ နောက်ဆုံး ၆ ရာသီမှာ ၅ ကြိမ် ဗိုလ်စွဲထားခဲ့ပြီး ချန်ပီယံဆု မရခဲ့တဲ့ တစ်ရာသီမှာတော့ လီဗာပူးတို့ ချန်ပီယံ ဖြစ်ခဲ့တာပါ။ ဒါပေမယ့်လည်း လီဗာပူးဟာ ဒီရာသီမှာတော့ အဆင့်အတန်း ကျဆင်းသွားခဲ့ပြီး လာမည့် ရာသီ ယူရိုပါလိဂ်ပြိုင်ပွဲ ကစားရဖို့ များနေပါတယ်။
ဒါပေမယ့်လည်း ဂယ်ရီနဗီးက လီဗာပူးဟာ မန်စီးတီးနဲ့ ရင်ဘောင်တန်းကာ ချန်ပီယံဆုကို ရယူနိုင်စွမ်း ရှိတယ်ဆိုတာ ပြသနိုင်ခဲ့တဲ့ တစ်ခုတည်းသော အသင်း ဖြစ်တာကြောင့် သူ့အနေနဲ့ ယခုလိုမျိုး ခံစားမိနေတာ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။
နဗီးက “ဒီအချိန်မှာ ပြီးခဲ့တဲ့ ခြောက်နှစ်တာ ကာလအတွင်း မန်စီးတီးနဲ့ ကောင်းကောင်း ယှဉ်နိုင်တယ်ဆိုတာ ပြသခဲ့တဲ့ တစ်ခုတည်းသော အသင်းဟာ လီဗာပူးပဲ ဖြစ်ပါတယ်။ ဒီနှစ်မှာ အာဆင်နယ်ဟာ မန်စီးတီးနဲ့ title race မှာ ယှဉ်ပြိုင်နိုင်ခဲ့တယ် ဆိုတာ ကျနော် သိပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ ဂွာဒီယိုလာရဲ့ စီးတီးနဲ့ အနီးကပ်ဆုံး ယှဉ်ပြိုင်နိုင်တယ်ဆိုပြီး သက်သေပြထားခဲ့တဲ့ အသင်းကတော့ ယာဂန်ကလော့ နဲ့ လီဗာပူးပဲ ဖြစ်ပါတယ်။
သူတို့ဟာ ဒီရာသီမှာ ပုံမှန် standard အောက်ကို များစွာ ကျဆင်းသွားခဲ့တယ် ဆိုတာ ကျနော် သိပါတယ်။ ဒါပေမယ့် လာမည့် ရာသီ သူတို့ အရင်က အဆင့်အတန်းကို ပြန်ရောက်လာမလား ဆိုတာ ကျနော်တို့ မသိနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ဟာ ဒါကို လုပ်နိုင်တယ် ဆိုတာ အရင်တုန်းကလည်း သက်သေပြထားခဲ့လို့ ဖြစ်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။