spot_img

လာမည့်ရာသီ စီးရီးအေပြိုင်ပွဲကို သြဂုတ်လ (၁၃)ရက်တွင် စတင်မည်ဖြစ်ပြီး ကမ္ဘာ့ဖလားအတွက် နိုဝင်ဘာ (၁၃)ရက်၌ ခေတ္တရပ်နားမည်

၂၀၂၂-၂၃ ရာသီ စီးရီးအေပြိုင်ပွဲကို လာမည့် သြဂုတ်လ (၁၃)ရက်တွင် စတင်မည်ဖြစ်ပြီး ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် နိုဝင်ဘာလ (၁၃)ရက်၌ ခေတ္တရပ်နားမည်ဖြစ်ကြောင်း သိရသည်။

စီးရီးအေအဖွဲ့ ချုပ်က ၂၀၂၂ ခုနှစ်သည် သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ဆောင်းရာသီကာတာကမ္ဘာ့ဖလားကြောင့် ဥရောပလိဂ်ပြိုင်ပွဲများစွာ၏ အစီအစဉ်တကျဖြစ်မှု ပျောက်ဆုံးခဲ့ကြောင်း၊ ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုအဆင့်ကစားရမည့် အချိန်တိုတောင်းမှုများလည်း ရှိလာနိုင်ကြောင်း ကြေညာခဲ့သည်။

myan789

၂၀၂၂ ခုနှစ်တွင် အီတလီအသင်း၏ ကမ္ဘာ့ဖလား Play-offs ပွဲစဉ်များ ကစားရမည်ဖြစ်သလို၊ အာဂျင်တီးနား အသင်းနှင့် ခြေစမ်းပွဲလည်း ကစားရမည်ဖြစ်သည်။

ထို့ပြင် Nations League ပွဲစဉ်များအဖြစ် ဂျာမနီ၊ ဟန်ဂေရီ၊ အင်္ဂလန်အသင်းများနှင့်အတူ ဇွန်လအတွင်းကစားရမည် ဖြစ်သော်လည်း ၂၀၂၂-၂၃ ရာသီ စီးရီးအေပြိုင်ပွဲကို ခပ်စောစောကျင်းပရန် စီစဉ်ထားကြောင်း Sky Sport Italia က ဖော်ပြခဲ့သည်။

လာမည့်ရာသီသစ် စီးရီးအေပြိုင်ပွဲကျင်းပမည့်အချိန်သည် ဥရောပစူပါဖလားပြီးဆုံးသည့်ရက်နှင့် (၃)ရက်သာကွာခြားကြောင်းလည်း သိရသည်။

စီးရီးအေ ပြိုင်ပွဲသည် ၂၀၂၂ ကမ္ဘာ့ဖလားအတွက် နိုဝင်ဘာလ (၁၃) ရက်တွင် ခေတ္တရပ်နားမည်ဖြစ်သလို၊ မူလအတိုင်း ဆောင်းရာသီအနားပေးကာလများလည်း ထားရှိသွားမည်ဖြစ်သည်။

စီးရီးအေပြိုင်ပွဲတာဝန်ရှိသူများသည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း၌ ရုပ်သံထုတ်လွှင့်ခွင့်ကိစ္စရပ်များအတွက်လည်း ဗီဒီယိုကွန်ဖရင့်ပြုလုပ်ခဲ့ကြောင်း သိရသည်။

စီးရီးအေပြိုင်ပွဲဥက္ကဋ္ဌ ပေါ်လိုဒယ်လ်ပီနိုနှင့် မန်နေးဂျင်းဒါရိုက်တာ လူဂီဒီဆီယာဗိုတို့သည် လက်ရှိရုပ်သံထုတ်လွှင့်ခွင့်များအပြင် အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိက နိုင်ငံများအတွက် စီးရီးအေရုပ်သံမူပိုင်ခွင့်ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။

စီးရီးအေပြိုင်ပွဲ၏ ပြည်ပရုပ်သံမူပိုင်ခွင့်အတွက် beIN ရုပ်သံက ၂၀၂၁-၂၂ မှ ၂၀၂၃-၂၄ ရာသီအထိ တစ်ရာသီလျှင် ယူရို (၁၁၂) သန်း ဖြင့် ရာခိုင်နှုန်းအများဆုံး ထုတ်လွှင့်ခွင့်ရယူထားပြီး ပြည်တွင်းရုပ်သံမူပိုင်ခွင့်အတွက် Sky နှင့် DAZN တို့က ထုတ်လွှင့်ခွင့်ရယူထားသည်။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular